Main menu

Background

ကျောက်မျက်ရတနာပြပွဲကြောင့် ငွေလဲနှုန်းများ မြင့်တက်လာ

Thu, 06/27/2013 - 11:23 -- ydnar

ယခုတစ်ပတ်အတွင်း ငွေလဲနှုန်း များမြင့်တက်လာခဲ့ကြောင်း သိရသည်။ နေပြည်တော် တွင် ပြုလုပ်လျက်ရှိ သည့် ကျောက်မျက်ရတနာပြပွဲကြောင့် ငွေလဲ နှုန်းများ မြင့်တက်နေရကြောင်း ငွေလဲ စင်တာမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

"ဒီတစ်ပတ်ထဲမှာ ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းရည်ညွှန်းကိန်းကလည်း နှစ် ရက်ဆက်တိုက် နှစ်ကြိမ်တက်တယ်။ ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းတက် ပြီဆိုမှတော့ စင်တာတွေက ငွေလဲနှုန်း လည်းတက်တော့တာပေ့ါဗျာ။ နောက် ပြီးနေပြည်တော်မှာလုပ်နေတဲ့ကျောက် မျက်ပြပွဲကြောင့်လည်း ငွေလဲနှုန်းတွေ တက်ရတာပါ။ နေပြည်တော် က ကျောက်မျက်ကုန်သည်တွေက လေလံ အောင်သွားတာနဲ့ ပစ္စည်းဖိုးတွေ ချေရ တော့ လိုတဲ့နိုင်ငံခြားငွေကို စင်တာတွေ ကနေပဲ ဝယ်ရတာဖြစ်တဲ့အတွက် ငွေ လဲနှုန်းတက်ရတာ အဲဒါလည်းတစ်ချက် အပါအဝင်ပေါ့"ဟု ပုဂ္ဂလိက ငွေလဲစင် တာမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။ပြင်ပငွေဈေးကွက်တွင်လည်း ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ပြီးခဲ့ သည့်ရက်သတ္တပတ်များက အရောင်း အဝယ်ပါးသဖြင့် အလုပ်မလုပ်ကြတော့ သည့် မှောင်ခိုသမားများမှာ မဟာဗန္ဓု လပန်းခြံတစ်ဝိုက်တွင် ပြန်လည်ကျက် စားလာခဲ့သည်။ဇွန်လ ၂၁ရက်နေ့က ပြင်ပငွေ ဈေးကွက်တွင် အမေရိ ကန်တစ်ဒေါ် လာလျှင် ရောင်းဈေး ၉၈၁ ကျပ်၊ ဝယ် ဈေး ၉၇၈ကျပ်ရှိပြီး ငွေလဲစင်တာများ တွင်မူ  ရောင်းဈေး ၉၆၁ကျပ်၊ ဝယ်ဈေး ၉၅၁ကျပ်သာရှိခဲ့ သည်။ ထိုကဲ့သို့ ပြင်ပ ငွေဈေးနှင့် စင်တာများ၏ငွေဈေးနှုန်း များ လွန်စွာကွာဟနေခြင်းသည် မှောင် ခိုများကို အားပေးရာရောက်နေ ကြောင်း ငွေလဲသူတစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်း မှာ ဇွန်လ ၁၇ရက်နေ့က ၉၅၂ကျပ်ရှိခဲ့ ပြီး ဇွန်လ ၁၈ရက်နေ့တွင် ၉၅၃ကျပ် သို့ မြင့်တက်ခဲ့သည်။