Main menu

Background

တစ်ပတ်အတွင်း ရွှေဈေး ကျပ်တစ်သောင်းကျော် ကျဆင်း

Thu, 06/27/2013 - 11:24 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ကျပ်တစ်သောင်းကျော်ကျ ဆင်းခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေ ဈေးကျဆင်းမှုနှင့်အတူ လိုက်ပါကျဆင်း ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေး စံချိန်တင် ကျဆင်းမှုနှင့်အတူ မြန်မာ့ရွှေဈေးပါ လိုက်လံကျဆင်းရခြင်းဖြစ်ကြောင်း ရွှေ ဈေးကွက်အတွင်းမှ အသံများအရ သိ ရသည်။မြန်မာ့ရွှေဈေးသည် ဇွန်လ ၁၇ ရက်နေ့တွင် ဈေးမြှင့်၍ ဖွင့်လှစ်ခဲ့သော် လည်း တစ်နေ့တခြားကျဆင်းလာခဲ့ ပြီး ဇွန်လ ၂၀ရက်နေ့တွင် သိသိသာ သာကျဆင်းခဲ့သည်။ ထို့နောက် ဇွန်လ ၂၁ရက်နေ့ညနေပိုင်းတွင် ကျပ် ခုနစ် သိန်းအောက်သို့ ကျဆင်းခဲ့ကာ ကျပ် ၆၉၈၀၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။"ဒီတစ်ပတ်မှာ ကမ္ဘာ့ရွှေဈေးက စံချိန်တင်လောက်အောင် ကျလာတာ။ အမေရိကန်ကလည်း သူ့ရဲ့ငွေကြေး အစီအစဉ်တွေကို လျှော့ချတော့မယ် လို့ ကြေညာလိုက်တာရယ်၊ ဒီမှာက  ကျောက်မျက်ပွဲလုပ်နေတာရယ်ကြောင့် ကမ္ဘာ့ရွှေဈေးကလည်း ကျသွားတယ်။ အဲဒါနဲ့ မြန်မာ့ရွှေဈေးကလည်း လိုက်ပြီး ကျရတာ။ ဒါတောင် ငွေလဲနှုန်းက လိုက် ပြီးမကျလို့ ဒီလောက်ခံသာတာ။ ဒီလို အချိန်မှာ ကျောက်မျက်ပွဲသာမရှိရင် ငွေဈေးက အကျနဲ့ ရွှေဈေးကအကျနဲ့ ဆိုရင်တော့ ဝယ်ရောင်းသမားတွေ အထိနာမယ့်ရက်လို့တောင် ပြောလို့ရ တယ်"ဟု ရွှေဈေးကွက်အတွင်းမှ ရွှေ ကုန်သည် ဦးစံမြင့်က ဆိုသည်။ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၁၇ ရက်နေ့က တစ်အောင်စလျှင် ၁၃၈၉ ဒေါ်လာရှိခဲ့ရာမှ ဇွန်လ ၁၉ရက်နေ့တွင် ၁၃၆၆ အထိ ကျဆင်းခဲ့သည်။  ထို့ နောက် ဇွန်လ၂၀ရက်နေ့တွင် ၁၃၄၄ ဒေါ်လာ၊ ဇွန်လ ၂၁ရက်နေ့တွင် ၁၂၉၆ ဒေါ်လာအထိကျဆင်းခဲ့သည်။