Main menu

Background

မူဆယ်နယ်စပ်မှ နှမ်းပိုမိုတင်ပို့

Thu, 06/27/2013 - 12:46 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာ ကာလမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၅၉ သန်း တန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၁၀၁၃ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကတော့ နှမ်းဖြူ ၆၂၅ တန်ခန့်၊ နှမ်းနက် ၂၄၈ တန်ကျော်နဲ့ နှမ်း ညို ၁၃၉ တန်ခွဲဖြစ်ပါတယ်။ယခင်အပတ်က မူဆယ်စခန်းမှနှမ်းရောင်စုံ ၉၃၅ တန် သာတင်ပို့နိုင်ခဲ့ရာယခုအပတ်မှာ ၇၈ တန်ကျော်တင်ပို့မှုပိုမိုလာပါတယ်။

ယခင် အပတ်က မြဝတီမှလည်း နှမ်းညိုတင်ပို့ခဲ့ပြီး ယခုအပတ် မှာ နှမ်းဖြူရော နှမ်းနက်ပါ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မကွေးတိုင်းဒေသကြီးသီးနှံဈေးကွက်မှာ ပဲမျိုးစုံဈေးငြိမ်ေ န သော်လည်းနှမ်းဈေးကွက်အရောင်းအဝယ်လိုက်လာကြောင်း၊ မနှစ်ကမိုးခေါင်တော့ နှမ်းအဝင် နည်းပြီး ဈေးကွက် မှာလှောင်လက်တွေလည်း ပစ္စည်း(ကုန်)များများ မရ တော့ဘူး၊ ဒါကြောင့်ဒီနှစ်ရဲ့ နှမ်းဈေးကွက်မှာလှောင်နှမ်း မရှိတော့လို့ နှစ်နိုင်ငံ နှမ်းဈေးတွေ မြင့်တက်နေရတာလို့သိရပါတယ်
 
မိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)
ယခု          ယခင်      ပြောင်းလဲမှု    %    ယခု      ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ      ၁၅၂၅၄၄၆    ၁၄၉၉၄၆၁    ၂၅၉၈၅       ၂    ၁၅၉၅    ၁၅၉၅           -           -နှမ်းနက်    ၁၆၈၀၆၀၅    ၁၆၅၃၅၄၄    ၂၇၀၆၁       ၂    ၁၇၅၉    ၁၇၅၉           -           -MIRT (DCCA)