Main menu

Background

ပြည်ဈေးကွက်မှာ နှမ်းဈေးမြင့်ပြီး မြေပဲဆန်ဈေးအနည်းငယ်ကျ

Thu, 06/27/2013 - 12:48 -- ydnar

 
ပြည်မြို့ဝန်းကျင်ရှိ ကျေးရွာများဖြစ်တဲ့ ဝက်ထီးကန်၊ လယ်တဲ့၊ ကန်ကျိုး၊ ကန် ကြီးကုန်း၊ အနောက်ရွာသစ်နဲ့ တဲ့ကုန်းကျေးရွာများမှာ မိုးနှမ်းများစတင်စိုက်ပျိုးနေပြီ ဖြစ်ပါတယ်။ နွေနှမ်းပေါ်ပြီး မိုးနှမ်းများ စိုက်ပျိုးနေချိန် မှာ နှမ်းဈေးမှာ ယခင်အပတ် အတိုင်း ဈေးအမြင့်နဲ့ ငြိမ်နေပါတယ်။

ယခင်လှောင်နှမ်း များကြောင့် ပြည်ဈေးကွက် တစ်နေ့ အိတ် ၁၀၀ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ နှမ်းနီတစ်တင်း ၄၀၀၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်းကို ၅၀၀၀၀ ကျပ်ဈေးနဲ့ ပြည်ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေပါတယ်။မြေပဲဆန်ဈေးမှာလည်း ယခင်အပတ်နဲ့မတူပဲ ဈေးအနည်းငယ်ကျနေပါတယ်။ မင်းတုန်းဘက်မှ တစ်နေ့ကို ပဲဆန်အိတ် ၂၀၀ ခန့်ဝင်ရောက်လာပြီး၊ ဆီစက်များက အဝယ်ရှိလို့ ဝင်သလောက်အရောင်းအဝယ်ဖြစ်ပါ တယ်။ မြေပဲဆီဆန်တစ်ပိဿာကို ၁၄၅၀ ကျပ်နဲ့လုံးဆန်တစ်ပိဿာကို၁၇၀၀ ကျပ်ဈေးနဲ့ တစ်ပတ်ထက်တစ်ပတ် ဈေး အနည်းငယ်စီကျပြီး အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ ဝေေ၀မင်း - ပြည်