Main menu

Background

ဥပုသ်လ ဝယ်လိုအားကြောင့် အင်ဒိုနီးရှားစားအုန်းဆီတင်ပို့မှုမြင့်တက်

Thu, 06/27/2013 - 12:49 -- ydnar

 
မူဆလင်ဥပုသ်လအတွက် ဝယ်လိုအားမြင့်တက်မှုနဲ့ ပဲပုပ်ဆီရောင်းလိုအား ကျဆင်းမှုတွေကြောင့် အဝယ်လိုက် လာတဲ့အတွက် ကမ္ဘာပေါ်မှာ စားအုန်းဆီအများ ဆုံးထုတ်လုပ်တဲ့ အင်ဒိုနီးရှားရဲ့စားအုန်းဆီ တင်ပို့မှု က မေလ မှာ ခြောက်လအတွင်း အမြင့်ဆုံးဈေးကိုရောက်ရှိခဲ့ကြောင်းဘလွမ်းဘတ်သတင်း မှာဖော်ပြထားပါ တယ်။ခေါက်ဆွဲ ချက်ပြုတ်ရာမှအစ ဇီဝလောင်စာဆီထုတ်လုပ်မှုအဆုံးအသုံးပြုနေတဲ့ စားအုန်းဆီရောင်းချမှုက ဧပြီမှာ ၂၂ ရာခိုင်နှုန်းမြင့်တက်ပြီး၊ မက်ထရစ်တန် ၁ ဒသမ ၈၂ သန်းထိရောက်ခဲ့ကြောင်း၊ အင်ဒိုနီးရှားစားအုန်းဆီ အသင်းကပြောပါ တယ်။ ယခင်စားအုန်းဆီတင်ပို့မှုမှာ ၃၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ဘူးတဲ့ နိုဝင်ဘာ နောက်ပိုင်းမှာ ယခုတင်ပို့မှုကအမြင့်ဆုံးဖြစ်ပါတယ်။

ယခုတင်ပို့တာက ဘလွမ်းဘတ်က ဇွန် ၁၇ ၇က်မှာ ကောက်ယူထုတ်ပြန်ခဲ့တဲ့ စစ်တမ်းအရ ခန့်မှန်းရရှိတဲ့ တန် ၁ ဒသမ ၅၇ သန်းကိုကျော်လွန်ခဲ့သလို ၂၀၁၂ ခုနှစ် မေလကတင်ပို့ခဲ့တဲ့ တန် ၁ ဒသမ ၄၄ သန်းထက် လည်း ကျော်လွန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံ ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ ကြိုရောင်းကြိုဝယ်ဈေးတွေ ကသုညဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး၊တစ်တန်ကို ၂၄၈၂ ရင်းဂစ်(၇၈၈ ဒေါ်လာ) နှုန်းရှိခဲ့ရာ မတ်လ ၂၅ ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ပါတယ်။ ဈေးနှုန်း တွေက မေလမှာ ၄ ဒသမ ၉ ရာခိုင်နှုန်းထိ မြင့်တက်ပြီးနောက်ပိုင်း ယခုလမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အများဆုံးဝယ်လက်ဖြစ်တဲ့ အိန္ဒိယကို အင်ဒိုနီးရှားကတင်ပို့မှုက ၈ ဒသမ ၂ ရာခိုင်နှုန်းပိုမိုမြင့်တက်ပြီး တန် ၅၉၀၅၂၀ ရှိခဲ့ပါတယ်။ ဒုတိယအများဆုံးဖြစ်တဲ့ တရုတ်ကို တင်ပို့မှုက ၁၄ ရာခိုင်နှုန်းမြင့်တက်ပြီး ၁၈၇၇၂၀ တန်ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားမှာရှိတဲ့ သိုလှောင်ရုံလက်ကျန်က အထွက်ကျဆင်းလာတဲ့အတွက် မေမှာ ၅ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တန် ၁ ဒသမ ၈၂ သန်းရှိခဲ့ကြောင်း၊ အင်ဒိုနီးရှား စားအုန်းဆီဘုတ်အဖွဲ့က ဇွန် ၁၀ ရက်မှာကြေညာပါတယ်။    UNT