Main menu

Background

Vegetable Oil ဆိုသည်မှာ

Thu, 06/27/2013 - 13:01 -- ydnar

ကျွန်မတို့မြန်မာနိုင်ငံရဲ့စားသုံးဆီဈေးကွက်မှာ မြေပဲဆီ၊ နှမ်းဆီ၊ ပဲပုစေ့ဆီ၊ နေကြာဆီ၊ ပြောင်းဆီ၊ စားအုန်းဆီနှင့် ထိုင်းနိုင်ငံထုတ် ဖွဲနုဆီစသည်ဖြင့်အမယ်စုံ၊အမျိုးစုံကိုဝယ်ယူရရှိနိုင်ပါတယ်။ မြေပဲဆီကို လည်းတံဆိပ်အမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုးခွဲခြားပြီးရောင်းနေ တာ ကိုလည်းဈေးကွက်ထဲ မှာ တွေ့မြင် ရမှာ ဖြစ်ပါတယ်။ ဒါတင်မက သေးဘဲ Vegetable Oil(ဟင်းသီးဟင်းရွက်ဆီ) ဆိုတဲ့စကားလုံး ကိုတံဆိပ် ကပ်ပြီး ရောင်းတာလည်းရှိနေပြန်ပါသေးတယ်။ ဒါကြောင့် Vegetable Oil (ဟင်းသီးဟင်းရွက်ဆီ)အကြောင်း အနည်းငယ် တင်ပြလိုပါတယ်။

ကမ္ဘာမှာ စားသုံးလို့ရတဲ့ ဆီနှင့်အဆီအုပ်စုတွေကို (က)    ဝက်ဆီအုပ်စု  (Pork Fat) (ခ)    အမဲဆီအုပ်စု (Beef Fat) (ဂ)    နို့ထွက်ပစ္စည်းအဆီအုပ်စု (Dairy Fat) (ဃ)    ကြက်၊ ဘဲ၊ ငန်းတို့မှ ရသောအဆီအုပ်စု (Poultry Fat) (င)    ဆီထွက်သီးနှံမှထုတ်လုပ်သောအဆီအုပ်စု (Vegetable       Fat) (စ)    ငါးဆီအုပ်စု (Fish  Fat) (ဆ)    ဆီထွက်သီးနှံမှ ထုတ်လုပ်ထားသော ဟင်းသီးဟင်းရွက် ဆီအုပ်စု (Vegetable Oil)ဆိုပြီးခွဲခြားထားပါတယ်။ ဒီအုပ်စုကို ပြန်ချုံ့ကြည့်မယ်ဆိုရင် တိရစ္ဆာန်ထွက်ဆီနှင့်အပင်ထွက်ဆီဆိုတဲ့ အုပ်စုနှစ်ခု သာ ရှိပါတယ်။ စားသုံးဆီထုတ်ယူနိုင်တယ့်အပင်တွေကို ဆီထွက်သီးနှံပင်လို့ သိထားကြပါတယ်။ ထင်ရှားပြီး လူသိများတဲ့ စားသုံးဆီတွေကို ၎င်းတို့ရဲ့ မူရင်းအသီး၊ အနှံ၊ အစေ့၊အဆန်တွေရဲ့အမည်နဲ့တွဲပြီး သိကြပါတယ်။ ဥပမာ- မြေပဲဆီ ဆိုရင်မြေပဲစေ့၊နှမ်းစေ့ဆိုရင်နှမ်းဆီ၊ ပဲပုဆီဆိုရင်ပဲပုစေ့စသည်ဖြင့်ဆီနဲ့အစေ့တွဲသိလေ့ရှိပါတယ်။ ဒါပေမဲ့ ဆီဘူးရဲ့တံဆိပ်မှာ Vegetable Oil   လို့မြင်လိုက်တာနဲ့ ဘယ်အရွက်၊ ဘယ်အသီးကရလာတဲ့ ဆီပါလိမ့် ဆိုပြီး တွေးတတ်ကြပါတယ်။ တကယ်တမ်းကျတော့ ကျွန်မတို့ ယခုသုံးနေတဲ့ မြေပဲဆီ၊ နှမ်းဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီ၊ ဖွဲနုဆီနှင့် စားအုန်းဆီတွေကိုလည်း Vegetable Oil   ဆိုတဲ့ တံဆိပ်ကပ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ဆီထွက် သီးနှံတွေက ရလာလို့ပေါ့။ ဒါကြောင့် Vegetable Oil    ဆိုတာ ဆီထွက်သီးနှံပင်တွေရဲ့ အသီးအနှံ၊ အစေ့အဆန်တွေကို ကြိတ်ချေခြင်းဖြင့်ဖြစ်စေ၊ အခြား ဖျော်ရည် (Solvent) တစ်ခုခုကိုသုံးပြီး ဖျော်ထုတ်ခြင်းဖြင့်ဖြစ်စေ ရလာတဲ့စားသုံး ဆီတိုင်းကို ခေါ်ဆိုတဲ့အမည်လည်းဖြစ်ပါတယ်။ Vegetable Oil   ဆိုတာ စားသုံးဆီအမျိုးအစားတစ်ခုရဲ့ သီးခြား အမည်တစ်ခုမဟုတ်ဘဲ ဆီထွက်သီးနှံများမှရရှိလာသော ဆီအုပ်စု ရဲ့အမည် သာဖြစ်ေ ကြာင်း ရေးသားတင်ပြလိုက်ရပါတယ်။အိအိချော(ပီတီအေစီ-လှည်းကူး)