လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်အား ပုံမှန်ထက်စာရင် အနည်းငယ်လျော့

လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လိုအားက  ပုံမှန် ထက်စာရင် အနည်းငယ်လျော့ပေမယ့် အရောင်းအဝယ် တော့ ပုံမှန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၄၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၄၁၈၇၀၀ ခန့်ဖြစ်ခဲ့တယ် လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။