ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ (၂၄-၆-၂၀၁၃)

*    မတ်ပဲကိုပြည်ပအဆွဲပါးတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးဆင်းလာ *    ပဲစင်းငုံနီကို အိန္ဒိယ ဝယ်အားပျော့လို့ ပြည်တွင်းဈေးကွက် အသီးသီးမှာ ဈေးကျလာ *    ပဲတီစိမ်းက ဈေးကွက် အသီးသီးသို့ အဝင်ပုံမှန်ရှိသလို တရုတ်ဝယ် လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိလို့ မန္တလေး၊ မုံရွာနဲ့ ပခုက္ကူမှာ ဈေးမြောက်လာ *  ကုလားပဲဖြူလုံးကြီးနဲ့ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်အဝယ်လိုက်ဝယ်လာ လို့ ဒေသတွင်းခွဲစက်တွေ အဝယ်ဆုံလို့ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပြည်နဲ့ အောင်လံမှာ ဈေးမြင့်လာ *    ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သမားများ ဝယ်အား ပုံမှန်ရှိနေလို့ မူဆယ် ၊ မန္တလေး၊ ဟင်္သာတနဲ့ တောင်ကြီးမှာဈေးစွာ