Main menu

Background

အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းဈေးစွာပြီး ကုလားပဲ(ထိုင်ဝမ်)ဈေးမာလာ

Thu, 06/27/2013 - 13:17 -- ydnar

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်သိပ္ပံနှမ်းကို ရန်ကုန်အဆွဲ ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၃၁၇၈ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကတော့ ရန်ကုန်ဝယ်လက်တချို့နဲ့ မြို့ခံပဲခွဲ စက်တွေက အရည်အသွေးကောင်းလို့ ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၉၃၀ ကျပ် (တစ် တန်ကို ၅၆၉၅၂၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။