မန္တလေးဈေးကွက်မှာ ပဲတီစိမ်းနဲ့ ကုလားပဲဖြူလုံးကြီးဈေးမြောက်လာပြီး မတ်ပဲနဲ့ ပဲစင်းငုံနီ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် တရုတ်ဝယ်လက်ဈေးပေးအ ဝယ်ရှိလို့ ပဲတီစိမ်းကြီးဈေးမြောက်လာသလို ပြည်ပအတွက်မျှော်လင့် ပြီး ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေကလည်း ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို အဆွဲသွက်လို့ ဈေးမာ လာကြောင်း သိရပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေ အဝယ်အေးလို့ အောက် ဈေးနဲ့သာ အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း ဈေးကွက် အတွင်းမှသိရ ပါတယ်။ မတ်ပဲကို ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲအေးသလို မြို့ခံပဲခွဲ စက်တွေကလည်း ဝယ်လိုအားလျော့သွား တာကြောင့် ယခင်အပတ် နဲ့စာရင်ဈေးကျလာပြီး တစ်ပိဿာကို၈၀၀ကျပ် (တစ်တန်ကို၄၈၉၉၁၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၁၀၁၇ ကျပ် (တစ်တန်ကို ၆၂၂၈၀၀ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်း ငုံနီကတော့ ဒီတစ်ပတ်မှာ ရန်ကုန်အဝယ်အေးသွားတာကြောင့် ဈေး ကျလာပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၈၀၀ ကြားသာအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကတော့ မန္တလေးဒေသအနီး တစ်ဝိုက်မှ ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၁၁ ကျပ်(တစ်တန် ကို ၉၂၅၃၂၁ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲရဲ့အရည်အသွေး ကလည်းကောင်းလို့ ဝယ်လက်တွေက ဈေးပေးအဝယ်ရှိနေတာ ကြောင့် ဈေးကွက်မှာ ရောင်းလက်တွေကပိုပြီး အရောင်းများလာ တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ် လိုအားများ လာသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေး နဲ့ အရောင်းများတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာတယ် လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ် ပိဿာ ၉၅၂ ကျပ်(တစ်တန်ကို ၅၈၂၉၉၅ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာ ၉၃၃ ကျပ်ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရှမ်းပြောင်းနဲ့ ဗမာ ပြောင်းကို တရုတ်ဝယ် လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ကြောင်းသိရပါတယ်။ အရောင်းအဝယ် အနေနဲ့ ရှမ်းပြောင်းတစ်ပိဿာ ၅၀၉ ကျပ်၊ ဗမာပြောင်းတစ်ပိဿာ ၄၆၃ ကျပ်ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
