ဟင်္သာတဈေးကွက်မှာ မတ်ပဲနဲ့ ပြောင်း အရောင်းအဝယ်ပုံမှန်ရှိနေ

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို အိန္ဒိယဈေးကွက်  အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ် အားပါနည်းသွားပေမယ့် အရောင်းအဝယ်တော့ နေ့စဉ်ပုံမှန်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၄၅ ကျပ်(တစ်တန်ကို ၅၁၇၄၆၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားသာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းကိုတော့ ရန်ကုန်ဝယ်လက်က ဝယ်အားတောက်လျှောက်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၄၇၅ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။