ရေစကြိုဈေးကွက်မှာ ပဲတီစိမ်းနဲ့ ပြောင်းပုံမှန်အရောင်းအဝယ်ဖြစ်
ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းက ရေစကြိုအနီး တစ်ဝိုက်မှဈေးကွက်သို့ ဝင်ရောက်လာသလို ရန်ကုန်-မန္တလေးဝယ် လက်ကလည်း အရည်အသွေးအပေါ်မူတည်ပြီး အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၁၀ ကျပ်(တစ် တန်ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းကိုတော့ ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၅၁၁ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
