ဇွန်လ ၁၀ ရက် ၊ နံနက် ၀၈း၀၀ချိန်မှာ Asia World ဂိတ်အနီး အခြေပြု လှုပ်ရှားလျက်ရှိတဲ့ လရ-၁ အဖွဲ့ဟာ မူဆယ်မှ မန္တလေးဘက်သို့မောင်းနှင်လာတဲ့ Grand MarkII အဖြူရောင်ယာဉ်အမှတ် ၂စ/xxxx ပေါ် မှ ကျောက် အရွယ်စုံ ၂၂ ထုပ်၊ ကျောက်စိမ်းလို့ယူဆရတဲ့ လက်ကောက်ကွင်း၂၃ ကွင်း ၊ ကျောက် စိမ်းလို့ ယူဆရတဲ့ကျော က်၊ ငွေလို့ယူဆရသောငွေနဲ့ ပြုလုပ်ထားတဲ့ကျောက်စိမ်း ဘယက် ၈၄ ကုံး၊ ကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက် စိမ်း၊ ရွှေလို့ယူဆရတဲ့ ရွှေနဲ့ပြုလုပ်ထားတဲ့ ရွှေကျောက်စိမ်းဘယက် ၁၄ ကုံး၊ ကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်နဲ့ပြုလုပ်ထားတဲ့ လက်စွပ် ၄၉ ကွင်းကို ရှာဖွေတွေ့ရှိခဲ့ရတဲ့ အတွက် ကျောက်စိမ်း အချောထည်ပိုင်ရှင်နဲ့ ယာဉ်မောင်းတို့အား နောင်ချိုရဲတပ်ဖွဲ့သို့လွှဲ အပ်ခဲ့ပြီး ကျောက်စိမ်းလို့ယူဆရတဲ့ အချောထည် များနဲ့ သယ်ဆောင်လာတဲ့ ယာဉ်တို့အား အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့ အညီ အမှုတွဲဖွင့်လှစ် အပ်နံှခဲ့ တယ်လို့ သတင်းရရှိပါတယ်။
ဇွန်လ ၁၆ ရက်နေ့ ၁၅း၃၀ အချိန်မှာလည်း လရ -၁ အဖွဲ့မှ Asia World ဂိတ်အနီး အခြေပြု၍ ပို့သွင်းယာဉ်များအား တားဆီးစစ်ဆေးစဉ် ရှမ်းပြည်နယ်ဒေသကြီး တာမိုးနဲမြို့နယ်၊ ရှောက်ဟော်ရွာ မှလာတဲ့ MarkII ယာဉ်အမှတ် ၇င/xxxx ပေါ်မှ ပီနန်အိတ် ၂ လုံးနဲ့ ထည့်သွင်းထားတဲ့ ကျောက်စိမ်းလို့ယူဆရတဲ့ အရွယ် စုံကျောက်တုံး ၁၃ တုံး ၈၂ ကီလိုဂရမ်ခန့်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး အဆိုပါ ကျောက်စိမ်းလို့ ယူဆရ တဲ့ ကျောက်တုံးများနဲ့ ယာဉ်ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့ အညီအမှုဖွင့် အရေးယူခဲ့တဲ့အပြင် ယာဉ်မောင်းဖြစ်သူအား ဥပဒေနဲ့အညီ အရေးယူဆောင် ရွက်နိုင်ရန် နောင်ချိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အပ်နှံခဲ့တယ်လို့ သတင်းရရှိပါတယ်။Source: လရ (၁)၊MTN