နောင်ချိုမြို့Asia World ဂိတ် အနီး အခြေပြုလှုပ်ရှားလျက်ရှိတဲ့ လရ-၁ အဖွဲ့ဟာ ဇွန်လ ၁၂ ရက် ၂၃း၀၀ ချိန်မှာ ပို့သွင်းယာဉ်များအား တားဆီး စစ်ဆေးနေစဉ် မန္တလေးမှမူဆယ်ဘက် သို့ သွားတဲ့ Light Truck ယာဉ်အမှတ် ၈ဇ/xxxx အားတားဆီးစစ်ဆေးရာမှာ ဒေသသုံးပစ္စည်းများနဲ့ ရောနှောဖုံးအုပ် သယ်ဆောင်ထားတဲ့ စကျင်ကျောက်လို့ ယူဆရတဲ့ ကျောက်နဲ့ပြုလုပ်ထားတဲ့ ၁၇ လက်မ ၄၆ လက်မအရွယ်ကြားရှိ မယ်တော် နဂါးရုပ်များ၊ ဦးတီပွားနဂါးစီး ရုပ်၊ ဦးတီပွားနဂါးရစ်ရုပ်၊ မယ်တော် နဂါး လိပ်၊ မယ်တော်ငါးဘီလူးအရုပ် ၉ ရုပ်နဲ့ ၈"x ၇" x ၄" တမလန်းသစ် ၄ တုံးအား ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဆိုပါ စကျင်ကျောက်လို့ ယူဆရတဲ့ အရုပ်များသယ်ဆောင်ရာမှာ ယာဉ်နှင့် အတူ ပါရှိလာရမဲ့ အကောက်ခွန် လုပ် ထုံး လုပ်နည်းနှင့်အညီ စစ်ဆေးခွင့်ပြု ရန် လိုအပ်တဲ့ ပို့ကုန်လိုင်စင် ED ၊ ကုန်ပစ္စည်းတင်ပို့သည့် ကုန်လှောင် ရုံတည်ရှိရာနေရာ၊ အကောက်ခွန် အရာရှိမှ ချိပ်ထိုးတင်ပို့မှု များမပါဘဲ၊ ရှေးဟောင်း သုတေသန အမျိုးသားပြ တိုက်နဲ့ စာကြည့်တိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲ ၏ ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက်တစ်ခု သာပါရှိကြောင်း စစ်ဆေးတွေ့ရှိရတယ် လို့ သိရပါတယ်။ အဆိုပါပစ္စည်းများကို ပိုင်ရှင်မဲ့ ဒေသသုံး တိုင်းရင်းဆေးဖာ၊ နိုင်ငံခြား ဆေးဖာ၊ A4 စက္ကူထုပ်ဖာများနဲ့ ဖုံးအုပ် သယ်ဆောင်လာတာဖြစ်ပါတယ်။ လရ - ၁ အဖွဲ့ဝင်များရဲ့ အစည်းအဝေး ဆုံး ဖြတ်ချက်အရမော်တော် ယာဉ် ၊ ယာဉ် ပိုင်ရှင်၊ ယာဉ်ပေါ်ပါ တမလန်းလို့ယူဆ ရတဲ့ သစ်များကို သစ်တောဥပဒေအရ ဆက်လက် အရေးယူနိုင်ရန် နောင်ချို သစ်တော ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ ပြီး စကျင်ကျောက် ရုပ်ထုများအား အကောက်ခွန် အမှုတွဲ ဖွင့်လှစ်အရေး ယူသွားမယ်လို့ သိရပါတယ်။ အလားတူ ဇွန်လ ၁၆ ရက်နေ့မှာ လည်း မန္တလေးမှမူဆယ်သို့မောင်းနှင် လာ တဲ့ Light Truck ယာဉ်အမှတ် ၈င/xxxx ပေါ်မှ စကျင်ကျောက်လို့ ယူဆရတဲ့ ၁ ပေ မှ ၆ ပေအရွယ်ထိ ရှိတဲ့ ဗောဓိရုပ်ပွားတော်၊ နဂါး မယ် တော်၊ ရေလှိုင်းကြားမယ်တော်၊ ငါးမယ် တော်၊ ကျောက်ဆောင်ထိုင်မယ်တော်၊ ဆင်လေးကောင်၊ ဦးတီပွား၊ လျောင်း တော်မူအရုပ်/ အဆူ ၁၅ ဆူအားရှာ ဖွေ တွေ့ရှိခဲ့ပါတယ်။ လိုအပ်တဲ့ အထောက်အထားများ အပြည့်အစုံ မပါဘဲ ထောက်ခံချက်သာ ပါရှိတဲ့ အတွက် ရုပ်ထုများအား အကောက်ခွန် အမှုတွဲဖွင့်ပြီးနိုင်ငံပိုင်အဖြစ် အပ်နံှရန် သိမ်းဆည်းခဲ့တယ်လို့ သတင်းရရှိပါ တယ်။ Source: လရ (၁)၊ MTN