နောင်ချိုမြို့ Asia World Gate အနီးအခြေပြုလှုပ်ရှားလျက်ရှိတဲ့ လရ-၁ အဖွဲ့ဟာ ဇွန်လ ၇ ရက်၀၈း၃၀ ချိန် မှာ ပို့သွင်းယာဉ်များအား တားဆီးစစ် ဆေးနေစဉ်မန္တလေးမှမူဆယ်သို့ မောင်း နှင်လာတဲ့ ယာဉ် ၁ခ^ထထထထ အား ရပ် တန့် စစ်ဆေးရာမှာ တစ်အိတ်လျှင် ၂၄ ပိသာခွဲပါ အမဲသားခြောက်အိတ် ၂၅ အိတ်ကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
စစ်မေးရာမှာတော့ အမဲသား ခြောက်အိတ်များကို မန္တလေးရှိဆွေမျိုး များထံမှ နမ့်ခမ်းသို့ တင်ဆောင်ခဲ့ ကြောင်း သိရှိရပါတယ်။ အမဲသား ခြောက် အိတ်များအား နောင်ချိုမြို့နယ် စည်ပင်သာယာရေး ကော်မတီသို့ လွှဲ ပြောင်းပေး အပ်စေရန် လရ-၁ အဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့တယ် လို့ သိရပါတယ်။ ဇွန်လ ၁၀ ရက်နေ့ ၀၈း၀၀ ချိန် ကလည်း မန္တလေးမှမူဆယ်သို့ မောင်း နှင်တဲ့ ၂စ/xxxx Grande Mark-II အဖြူရောင်ယာဉ်ပေါ်မှ ၁၁၇ ပိသာခန့် ရှိတဲ့ အမဲသားခြောက် ၁၈ ထုတ်ကို စစ် ဆေးတွေ့ရှိခဲ့တဲ့အတွက် လည်း နောင်ချို စည်ပင်သာယာရေးသို့ အပ်နှံ စေခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါ Grande Mark-II ယာဉ်ပေါ် မှ ကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်တုံး များနဲ့ကျောက်အချောထည် လက်ဝတ် ရတနာများကိုလည်း ရှာဖွေတွေ့ရှိခဲ့ လို့ အဆိုပါယာဉ်နဲ့ အကောက်ခွန်မဲ့ ပစ္စည်းများကို အကောက်ခွန်လုပ်ထုံး လုပ်နည်းနဲ့အညီ အမှုဖွင့်သိမ်း ဆည်းခဲ့ ကြောင်းနဲ့ ယာဉ်နဲ့ယာဉ်မောင်းတို့အား နောင်ချိုမြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အပ်နှံ ထားတယ် လို့သတင်းရရှိပါတယ်။Source: လရ (၁)၊ MTN