ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အတွင်းရှိ ကန်ပိုက်တီးကူးသန်း ရောင်း ဝယ်ရေးစခန်းဟာ မြစ်ကြီးနားမြို့နဲ့ မိုင် ၉၀ ခန့်အကွာ၊ တစ်ဖက်တရုတ်နိုင်ငံ ခူရုန်းကျေးရွာမှ ၆ မိုင်ကျော်အကွာမှာ တည်ရှိတဲ့ မြန်မာ-တရုတ် ကူးသန်း ရောင်းဝယ်ရေးစခန်းတစ်ခုဖြစ်ပါတယ်။
ယခင် ၂၀၁၂ ခုနှစ် ဧပြီလ လုံခြုံ ရေးအခြေအနေမကောင်းချိန်တွင် ဆဒုံး မြို့နယ်ခွဲရှိ ရေတံခွန်တံတား (ခုနှစ် ရောင်စုံတံတား) အား မိုင်းခွဲဖျက်ဆီးခံရ ၍ ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်းခဲ့ ရပါတယ်။ ယခုအခါနယ်မြေ အေးချမ်း တည်ငြိမ်ပြီး တံတားလည်း ယာယီသွား လာနိုင်ရန် ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ် တဲ့အတွက် လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်လာသဖြင့် ကုန်စည်စီးဆင်း မှု၊ ခရီးသွားလာမှု လုပ်ငန်းများ ပုံမှန် ပြန်ဖြစ်လာနေပြီဖြစ်ပါတယ်။ ယခင် ၂၀၁၂ခုနှစ်မေလတွင် နယ် မြေ အခြေအနေအရ ကုန်သွယ်မှု မဆောင်ရွက်နိုင်သော်လည်း ယခု ၂၀၁၃ ခုနှစ် မေလတွင်ကုန်သွယ်မှု ပမာဏ ဒေါ်လာသန်း ၂ ဒသမ ၇၆ ဖိုးဆောင်ရွက်နိုင်ခဲ့ပြီး အခွန်ကောက်ခံ ရရှိမှုမှာလည်း ၂၀၁၂ ခုနှစ် မေလ တွင်အခွန်ကောက်ခံရရှိမှုမရှိခဲ့ဘဲ ယခု ၂၀၁၃ ခုနှစ် မေလတွင် အခွန်အရပ်ရပ် ကောက်ခံရရှိမှုမှာ ၂၅၀ ဒသမ ၉၀ ကျပ်သန်းထိ တိုးတက်ရရှိခဲ့ပါတယ်။ နိုင်ငံတော်မှ ကုမ္ပဏီမထူထောင် နိုင်တဲ့ ဒေသခံ တိုင်းရင်းသား တစ်ပိုင် တစ်နိုင် ကုန်သည် လုပ်ငန်းရှင်များ အတွက် တစ်ဦးချင်းကုန်သွယ်မှု လုပ် ငန်းရှင် မှတ်ပုံတင်လက်မှတ် ITC ကို ၂၂-၄-၂၀၁၃ နေ့မှ စတင်၍ ခွင့်ပြုခဲ့ သဖြင့် မိုးညှင်းနဲ့ မြစ်ကြီးနား ခရိုင် အတွင်းရှိ ဒေသခံပြည်သူများမှာITC ကတ်ဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ တစ်ပိုင်တစ်နိုင်ဆောင်ရွက်နိုင်ပြီဖြစ်လို့ တရားမဝင် မှောင်ခိုပပျောက်ပြီး တရား ဝင်ကုန်သွယ်မှု လည်းအထိုက် အလျောက် တိုးတက်လာပါတယ်။ လမ်းပန်းဆက်သွယ်ရေးအနေနဲ့ ထိန်ချုံး-မြစ်ကြီးနား မော်တော်ကား လမ်းပိုင်းကို ရာသီမရွေးသွားလာနိုင်တဲ့ နိုင်လွန် ကတ္တရာခင်း အဆင့်မြင့်လမ်း အဖြစ်တရုတ်နိုင်ငံ ထိန်ချုံးမြို့မှ အင်ဂျင် နီယာများနဲ့ လုပ်သားများက ယာဉ် ယန္တရားကြီးဖြင့် မိုးတွင်းအခါ တောင်ပြို ၍လမ်းပျက်စီးခြင်းများ၊ လမ်းသား ပြု ပြင်ခြင်းလုပ်ငန်း၊ လမ်းပိုင်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကို စတင်ဆောင် ရွက် နေကြတဲ့အ တွက် ဒေသလုံခြုံရေး နဲ့အတူ လမ်းပန်းဆက် သွယ်ရေးပိုင်းမှာ လည်း ပိုမိုကောင်းမွန်လာတော့မှာ ဖြစ် ပါတယ်။ နယ်မြေဒေသ အေးချမ်းရေး အတွက် လည်း KIA/ KIO နဲ့ ၂၇-၅-၂၀၁၃ ရက်နေ့တွင် ကချင်ပြည် နယ်၊ မြစ်ကြီးနားမြို့ မနောကွင်း၌ ပြည် ထောင်စုငြိမ်းချမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ ခေါင်းဆောင်တဲ့အဖွဲ့ တို့နဲ့တွေ့ ဆုံပြီး သဘောတူညီချက် ၇ ချက် လက်မှတ် ရေးထိုးနိုင်ခဲ့၍ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရောင်ခြည် လင်းလက်လာ တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကန် ပိုက်တီး ကူးသန်းရောင်းဝယ်ရေးစခန်း ရဲ့ ကုန်သွယ်မှု ပမာဏနဲ့ ခရီးသွားလာ ရေး လုပ်ငန်းများကြောင့် နိုင်ငံတော် အတွက် အခွန်ငွေများ တစ်စထက် တစ်စ တိုးတက် ရရှိလာဖို့ အလား အလာကောင်းတွေလည်း ငြိမ်းချမ်းရေး ရောင်ခြည်နဲ့အတူ တိုးတက်ဖြစ်ပေါ် လာမှာ တွေ့မြင်နေရပြီဖြစ်ပါတယ်။ကသရ (ကပတ)