Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Thu, 06/27/2013 - 14:12 -- ydnar

ဗဟိုဘဏ်က ငွေကြေးတွန်းအား ပေးအစီအစဉ်ကို လျှော့ချတော့မှာဖြစ် ကြောင်း အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဘင်ဘာနန်ကီက ပြောကြားပါတယ်။ ဒီအစီအစဉ်က ထွန်းသစ်စဈေးကွက် တွေဘက်ကို ငွေကြေးတွေ စီးဆင်း အောင် အားပေးတဲ့အစီအစဉ်ဖြစ်ပါ တယ်။ ဒီအစီအစဉ် ရပ်ဆိုင်းလိုက်တဲ့ အတွက် ယခု ရက်သတ္တပတ် ထဲမှာ အာရှ ငွေကြေးတွေ ၂၁ လအတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းခဲ့ပါတယ်။

 
အိန္ဒိယရူပီးတန်ဖိုးက စံချိန်တင်ကျ ဆင်းခဲ့သလို မလေးရှားရင်းဂစ်ကလည်း သုံးနှစ်အတွင်း အနိမ့်ဆုံးနှုန်း ကိုရောက် ခဲ့ပါတယ်။ အမေရိကန်စီးပွားရေးက ဗဟိုဘဏ်ခန့်မှန်းတဲ့အတိုင်း ဖြစ်လာရင် Quantitative Easing  လို့ သိထားကြ တဲ့ ဘွန်းစာချုပ်ကိုတစ်လ ဒေါ်လာ ၈၅ ဘီလီယံဖိုးဝယ်ယူရေး အစီအစဉ်ကို ဒီနှစ်ထဲမှာလျှော့ချပြီး ၂၀၁၄ ခုနှစ်မှာ အပြီးသတ်မယ်လို့ပြောပြီးနောက်ပိုင်း ယခုလိုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ကမ္ဘာ့ရင်းနှီးမြှုပ်နှံ သူတွေက တရုတ် (တိုင်ပေ)၊ တောင်ကိုရီးယား၊ ထိုင်းနဲ့ အင်ဒိုနီးရှားရှိ စတော့ဈေးကွက်တွေက နေ ကမ္ဘာ့ရ င်းနှီးမြှုပ်နှံသူတွေ က ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံဖိုး ပြန် လည် နုတ်ယူသွားပါတယ်။ ဒေသတွင်းရှိ စီးပွားရေးတွေမှာ ဖြစ်ပေါ်နေတဲ့ ဆုံးရှုံးမှုတွေကြောင့် ဒေသတွင်းရှိ ဗဟိုဘဏ်တွေက သူတို့ရဲ့ ငွေကြေးဖလှယ်နှုန်းကို အကာအကွယ် ပေးဖို့ ပြင်ဆင်လာရပါတယ်။ ထိုင်းနဲ့ အိန္ဒိယဗဟို ဘဏ်တွေက ဈေးကွက်ထဲ ကို ဝင်ရောက်စွက်ဖက်ဖို့လည်း ကြိုးပမ်း လာပါတယ်။
တရုတ်ယွမ် ငွေကြေး ကုန်သည်တွေ ပြော စကားအရ ဧပြီနဲ့မေလမှာဖြစ်ခဲ့တဲ့ ယွမ် ငွေတန်ဖိုးတက်တဲ့အလားအလာက ကုန်ဆုံးသွားသလို အကျဘက်ကို ဆက် လက် ဦးတည်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ယွမ်ငွေတန်ဖိုးက ဇွန် ၂၁ ရက်မှာ အနည်းငယ် ကျဆင်းခဲ့ပါ တယ်။ တရုတ်ဗဟိုဘဏ်က ဇွန် ၂၀ ရက် က တစ်ဒေါ်လာကို ၆ ဒသမ ၁၆၉၈ ယွမ်နှုန်းသတ်မှတ်ရာမှ ဇွန် ၂၁ ရက်မှာ တစ်ဒေါ်လာ ၆ ဒသမ ၁၇၆၆ ယွမ်နှုန်း အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ လက်ငင်းဈေးကွက်ရဲ့ ငွေဖလှယ်နှုန်းမှာ ဇွန် ၂၀ ရက်ကထက် သုည ဒသမ ၀၈ ရာခိုင်နှုန်းကျဆင်းပြီး တစ် ဒေါ်လာကို ၆ ဒသမ ၁၃၂၈ ယွမ်နှုန်း ရှိခဲ့ပါတယ်။
အိန္ဒိယရူပီး ဒေါ်လာနဲ့ဖလှယ်ရာမှာ ရူပီး တန်ဖိုးက တစ်ဒေါ်လာကို ၆၀ ရူပီးနှုန်း ထိ ရောက်လာရင် အိန္ဒိယ ဗဟို ဘဏ်က ဈေးကွက်ထဲကို ဝင်ရောက် စွက်ဖက်တော့မယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ ဒါကြောင့် ဇွန် ၂၁ ရက်မှာ ရူပီး ငွေတန်ဖိုးက စံချိန်တင် လောက်အောင် တန်ဖိုးကျဆင်းခဲ့ပါ တယ်။ ဇွန် ၂၀ ရက် မှာ ရူပီးငွေလဲနှုန်း က ၅၉ ဒသမ ၉၈ ရူပီးနှုန်းထိကျဆင်း ခဲ့ပါတယ်။ ဒါပေမဲ့ ဂရင်းနစ်စံတော်ချိန် ၀၃ နာရီ ၃၃ မိနစ် မှာ တစ်ဒေါ်လာကို ၅၉ ဒသမ ၆၉ ရူပီးနှုန်းရှိခဲ့ပါတယ်။ ရူပီး တန်ဖိုး ကျဆင်းတဲ့ဒဏ်ကို မော် တော်ကား၊ မတည်ကုန် ပစ္စည်း၊ ရေနံ၊ လျှပ်စစ်စွမ်းအားနဲ့ တယ် လီကွန်းလုပ် ငန်းတွေ ခါးစည်းခံရဖွယ် ရှိပါတယ်။
ဂျပန်ယန်း အလုံးအရင်းနဲ့ ပေးထားတဲ့ စီးပွား ရေးတွန်းအားပေးအစီအစဉ်တွေကို ယ ခုနှစ်ထဲမှစပြီး လျှော့ချတော့မယ်လို့ အမေရိကန်ဗဟိုဘဏ်ကပြောပြီးနောက် ပိုင်းဒေါ်လာတန်ဖိုးအဆမတန် တဟုန် ထိုးမြင့်တက်ခဲ့ပါတယ်။ ယူရိုငွေကြေး တန်ဖိုး က ဇွန် ၁၉ ရက်ည နေဘက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၂၉၇ ဒေါ်လာနှုန်းမှ ဇွန် ၂၀ ရက် ဂရင်းနစ်စံတော်ချိန် ၂၂ နာရီမှာ တစ် ယူရိုကို ၁ ဒသမ ၃၂၂၃ ဒေါ်လာနှုန်းထိ ကျဆင်းပါတယ်။ ဂျပန်ယန်းငွေ တန်ဖိုး က ဒေါ်လာနဲ့ ဖလှယ်ရာမှာ ၉၆ ဒသမ ၃၉ ယန်းမှ ၉၇ ဒသမ ၂၇ ယန်းနှုန်းကို ပြောင်းလဲပြီး ယူရိုနဲ့ ဖလှယ်ရာမှာ ၁၂၈ ဒသမ ၂၄ ယန်းမှ ၁၂၈ ဒသမ ၆၂ ယန်းနှုန်းထိ ရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ် အမေရိကန်ဗဟိုဘဏ်ရဲ့ ကြေညာ ချက်ထွက်ပြီးနောက်ပိုင်း အမေရိကန် ဒေါ်လာဈေးမာလာတဲ့အတွက် ဇွန် ၂၁ ရက်မနက်ပိုင်းဈေးကွက်မှာ ရင်းဂစ်တန် ဖိုးက အများအပြားကျဆင်းခဲ့ကြောင်း ဝယ်ရောင်းသမားတွေ က ပြောပါတယ်။ ဒီအခြေအနေကြောင့် ကမ္ဘာ့ရှယ်ယာ ဈေးကွက်တွေမှာ ရှယ်ယာတွေရောင်း ထုတ်လာကြသလို ထွန်းသစ်စဈေးကွက် တွေက ဒေါ်လာတွေစီးထွက်စေခဲ့ပါ တယ်။ ရင်းဂစ်နဲ့ ဖလှယ်နှုန်းက ဇွန် ၂၀ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၁၉၇၀ မှ ၃ ဒသမ ၂၁၂၀ နှုန်းသို့ကျ ဆင်းခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် ယခုနှစ်မှာ အမေရိကန်ဗဟိုဘဏ် ကငွေကြေးမူဝါဒလျှော့ချမဲ့ အစီအစဉ် တွေကို ရင်ဆိုင်ဖို့ ရင်းနှီးမြှုပ်နှံသူတွေ က အသင့်အနေအထားယူထားကြတဲ့အတွက် ဇွန် ၂၀ ရက်က တောင်ကိုရီးယားဝမ်နဲ့ ပြည်တွင်းဘွန်းစာချုပ်တွေ တန်ဖိုးကျ ဆင်းခဲ့ပါတယ်။ တောင်ကိုရီးယားဝမ် တန်ဖိုးက ဇွန် ၂၁ ရက်မှာ ၂ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၁၁၅၄ ဒသမ ၄၇ ဝမ်နှုန်းရှိခဲ့ပါတယ်။
ထိုင်းဘတ် ထိုင်းငွေကြေးတန်ဖိုးကျဆင်း လာ တဲ့အတွက် ထိုင်းဗဟိုဘဏ်က ငွေကြေး ဖလှယ်နှုန်းတွေကို အကာအကွယ်ပေး ပြီးအရေးယူဆောင်ရွက်ဖို့ပြင်ဆင်လာပါ တယ်။ ထိုင်း ဗဟိုဘဏ်က လိုအပ်ရင် ဘတ်ငွေကြေးအတက်အကျဖြစ်နေတာကို ကိုင်တွယ်မယ်လို့ထိုင်းဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူးက ဇွန် ၂၀ ရက် က ပြောပါတယ်။ ထိုင်းဘတ်ငွေတန်ဖိုး က ဇွန် ၂၁ ရက် မနက် ၈ နာရီ ၁၀ မိနစ်မှာတစ်ဒေါ်လာ ကို ၃၁ ဒသမ ၂၀ ဘတ်နှုန်းရှိခဲ့ပါတယ်။ မေ ၂၀ ရက်နေ့က ၁ ဒသမ ၂ ရာခိုင် နှုန်းကျ ဆင်းပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၀၈ ဘတ်နှုန်းရှိခဲ့ပါတယ်။