Main menu

Background

အိန္ဒိယ ဗဟိုဘဏ်က အတိုးနှုန်း မပြောင်းဘဲ ထိန်းထား

Thu, 06/27/2013 - 14:19 -- ydnar

ငွေကြေးဖောင်းပွမှုအတွက် စိုးရိမ်မှု၊ ကမ္ဘာ့စီးပွားရေးအခြေအနေများ အားနည်းမှုနဲ့ အိန္ဒိယပြည် တွင်း ငွေကြေးကျဆင်းမှုတို့ကြောင့် ယခုနှစ်အတွင်း အတိုးနှုန်းလျှော့ချမှုများ သုံးကြိမ်ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဒီနောက်ပိုင်း ဇွန် ၁၇ ရက်က ဗဟိုဘဏ်ရဲ့ အခြေခံထား အတိုးနှုန်းကို ပြုပြင်ပြောင်းလဲမှု မပြုလုပ် တော့ဘဲ ဆက်လက် ထိန်းထားခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

ဘဏ္ဍာရေးမြို့တော် မွန်ဘိုင်းတွင် အစည်းအဝေး ကျင်းပပြီးနောက် ကူး သန်းရောင်းဝယ်ရေးဘဏ်များသို့ ထုတ်ချေးသောအခြေခံဗဟိုဘဏ်အတိုးနှုန်း Benchmark Repo Rate   ကို ၇ ဒသမ ၂၅ ရာခိုင်နှုန်း အတိုင်းဆက်လက် ထားရှိခဲ့ပါတယ်။ ဒီအတိုးနှုန်းက စီးပွားရေးပညာရှင် အများစုမျှော်လင့်ထားတဲ့ အတိုင်း ဖြစ်ပါ တယ်။ ဒေါ်လာနဲ့ဖလှယ်ရာမှာ စံချိန်တင်လောက်တဲ့အထိ တန်ဖိုးကျဆင်းခဲ့တဲ့ အိန္ဒိရူပီးတန်ဖိုးက နောက်လတွေမှာလည်း ဆက်ပြီး ကျဆင်းနိုင်ကြောင်း၊ ဒါ ကြောင့် အိန္ဒိယဗဟိုဘဏ်ကလက်ရှိ ကျင့်သုံးနေတဲ့မူဝါဒအတိုင်း ၂၀၁၃ ခုနှစ် နှစ်ကုန်အထိ ဆက်သွားနိုင်ဖွယ်ရာရှိကြောင်း Capital Economics မှ စီးပွားရေး ပညာရှင် အန်နင်ဒါမီတရာက ပြောပါတယ်။ ငွေကြေးအားနည်းမှုကြောင့် မူဝါဒ အလားအလာကို ရှုပ်ထွေးခက်ခဲမှု ကိုဖြစ်စေနိုင် တဲ့အပြင် ကမ္ဘာ့ဈေးကွက်ယုံကြည် မှု တည်ငြိမ်လာမှသာအခြေအနေကောင်းမွန်လာနိုင်ကြောင်း သူကပြော ပါတယ်။ ရူပီးတန်ဖိုးကျတဲ့အတွက် ပို့ကုန်ဈေးနှုန်းတွေမြင့်တက်လာနိုင်ကြောင်း မီတရာက ပြောပါတယ်။