Main menu

Background

တရုတ်နိုင်ငံရဲ့ ငွေကြေးဖလှယ်နှုန်းများအမြင့်ဆုံးထိ ရောက်ရှိ

Thu, 06/27/2013 - 14:20 -- ydnar

တရုတ်နိုင်ငံရဲ့ စီးပွားရေးမှာ ငွေ ကြေးအကျပ်အတည်းကိုထိန်းချုပ်ဖို့ ကြိုးပမ်းမှုအနေနဲ့ဈေးကွက်ထဲက ယွမ် ငွေကြေးကိုပြန်လည်ဝယ်ယူခြင်းမပြုတဲ့ အတွက် တရုတ်နိုင်ငံရဲ့ အခြေခံငွေ ဈေးနှုန်းတွေ ကစံချိန်တင်မြင့် တက်လာခဲ့ ပါတယ်။ တရုတ်နိုင်ငံရဲ့ ဗဟိုဘဏ်က သုံးလသက်တမ်းရှိဘီလ်များကို ယွမ် ၂ ဘီလီယံ (ဒေါ်လာ ၃၂၆ သန်း) ဖိုး အထိထုတ်ရောင်းခဲ့ပါတယ်။ သက်တမ်း စေ့ရောက်ပြီဖြစ်တဲ့ငွေကြေးစာချုပ်စာ တမ်းတွေက ကုန်ဆုံးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာ စုစုပေါင်းယွမ် ၂၅၂ ဘီလီယံဖိုးထိရောက်ရှိခဲ့ပြီးနောက် ယခု ရက်သတ္တပတ် အတွင်းမှာ ဘဏ္ဍာရေး စနစ်ထဲကို ယွမ် ၂၈ ဘီလီယံဖိုးပြန် လည်စီးဝင်ပါတယ်။

ရှန်ဟဲဘဏ်အချင်းချင်းကမ်း လှမ်းတဲ့နှုန်းက ညတွင်းချင်း သုည ဒသမ ၇၈ ရာခိုင်နှုန်းမြင့်တက်ပြီး ဇွန် ၁၈ ရက် မနက် ၁၁ နာရီခွဲက ၅ ဒသမ ၅၆ ရာ ခိုင်နှုန်းရှိခဲ့ပါတယ်။ ဘဏ်အချင်းချင်း နိုင်ငံခြားငွေဖလှယ်တဲ့ဈေးကွက်မှာရှိ တဲ့ ကုန်သည်တွေက ငွေကြေးမတည်ငြိမ် မှုကလာမဲ့ရက်သတ္တပတ်အနည်းငယ် အထိရှိနေဦးမယ်လို့ ပြောပါတယ်။ နိုင်ငံခြားငွေစီးဝင်မှုတွေက ကျ ဆင်းနေကြောင်းနဲ့ဘဏ်တွေကရောင်း ချထားတဲ့ငွေကြေးစာချုပ်စာတမ်းတွေက ဇွန်လကုန်မှာ သက်တမ်းကုန်တော့မှာ ဖြစ်ကြောင်း Guotai Junan Securities ငွေကြေးဝန်ဆောင်မှုလုပ်ငန်းက ပြောပါတယ်။ ရှန်ဟဲဘဏ်အချင်းချင်း ကမ်းလှမ်း တဲ့ အတိုးနှုန်းက ၉ ရာခိုင်နှုန်းထိမြင့် တက်လာတဲ့အတွက် ယခင်ရက်သတ္တ ပတ်က တရုတ်ဘဏ်တွေအချင်းချင်း ငွေကုန်ကျစရိတ်တစ်ဟုန်ထိုးမြင့်တက် ခဲ့ပါတယ်။ နိုင်ငံခြားငွေစီးဝင်မှု သိသိ သာသာကျဆင်းတာ၊အားလပ်ရက်နဲ့ ကြုံကြိုက်တာစတာတွေကြောင့် အတိုး နှုန်းတွေမြင့်တက်လာတာဖြစ်ကြောင်း  UBS  ဘဏ်ကပြောပါတယ်။