Main menu

Background

စင်ကာပူနိုင်ငံရဲ့ ရေနံမှအပ ပို့ကုန်များ မေမှာကျဆင်း

Thu, 06/27/2013 - 14:28 -- ydnar

အီလက်ထရွန်းနစ်ပို့ကုန်တွေ ကျ ဆင်းတဲ့အတွက် စင်ကာပူနိုင်ငံရဲ့ ရေနံ မှ အပဖြစ်တဲ့ပို့ကုန်တွေ(NODX) က နှစ်အလိုက် အခြေခံနဲ့တွက်ချက်ရင် မေလမှာ ၄ ဒသမ ၆ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း ချန်နယ်နယူးအေးရှ သတင်း မှာ ဖေါ်ပြ ထားပါတယ်။ ယခင်လက ၁ ဒသမ ၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး နောက် ဆက်လက်ကျ ဆင်းခဲ့တာ ဖြစ် ပါတယ်။

ရာသီအလိုက်ညှိနှိုင်းတွက်ချက် မယ်ဆိုရင် NODX က မေမှာ ၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဧပြီက ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်တာက နေပြောင်းပြန်လန် ကျဆင်းခဲ့တာဖြစ်ပါ တယ်။ အီလက်ထရွန်းနစ်ပစ္စည်းတွေ တင် ပို့မှုက ဧပြီမှာ ၉ ရာခိုင်နှုန်းကျဆင်းရာ မှ မေမှာ ၁၃ ဒသမ ၂ ရာခိုင်နှုန်းကျ ဆင်းခဲ့ပါတယ်။ အီလက်ထရွန်းနစ်ပီစီ အစိတ်အပိုင်းတွေ (၃၁ ဒသမ ၆ ရာ ခိုင်နှုန်း)၊ဒစ်စ်မီဒီယာထုတ်ကုန်တွေ (၄၀ ဒသမ ၈ ရာခိုင်နှုန်း) နဲ့ အိုင်စီ (၉ ဒသမ ၅) တွေ တင်ပို့မှုကျဆင်းခဲ့ လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အီလက်ထရွန်း မှ အပ (NODX)  တင်ပို့မှုက ဧပြီမှာ ၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး မေ မှာ သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက် ခဲ့ပါတယ်။ တင်ပို့မှုမှာ ဦးဆောင်နေတာက ဆေးဝါး (+ ၁၉ ဒသမ ၉ ရာခိုင်နှုန်း)၊ ပုံနှိပ်ပြီးပစ္စည်း (+ ၁၀၈ ဒသမ ၈ ရာခိုင် နှုန်း) နဲ့အစားအစာတွေ ဖြစ်ပါတယ်။ တရုတ်၊ ထိုင်း၊ ဟောင်ကောင်နဲ့ တရုတ် (တိုင်ပေ) တို့မှအပ စင်ကာပူရဲ့ NODX ဈေးကွက် ၁၀ နိုင်ငံကို တင်ပို့ မှုက ၂၀၁၃ ခုနှစ်မေမှာ ကျဆင်းခဲ့ပါ တယ်။ အများဆုံးတင်ပို့တဲ့နိုင်ငံတွေက တောင်ကိုရီးယား၊ မလေးရှားနဲ့ အင်ဒို နီးရှားတို့ ဖြစ်ပါတယ်။