Main menu

Background

ဗီယက်နမ် (SME) လုပ်ငန်းများအတွက် အထောက်အပံ့ ပိုမိုလိုအပ်

Thu, 06/27/2013 - 14:36 -- ydnar

အသေးစားနဲ့အလတ်စားစီးပွား ရေးလုပ်ငန်းတွေ (SME)  အတွက် လို အပ်တဲ့အကျိုးခံစားခွင့်တွေရရှိတဲ့ လက္ခ ဏာမတွေ့ရတဲ့အတွက် ထိုလုပ်ငန်းတွေ အတွက် အထောက်အပံ့နဲ့ ဦးစားပေးမှု တွေကို အစိုးရကပြန်လည်လေ့ လာသင့် ကြောင်း ဗီယက်နမ်နိုင်ငံစီမံကိန်းနဲ့ ရင်း နှီးမြှုပ်နှံမှု ဝန်ကြီးဌာနရဲ့ ပြောကြားချက် ကို VNS သတင်းဌာနက ဖော်ပြပါ တယ်။

(SME)   တွေကို အထောက်အပံ့ပေး မဲ့ မူဝါဒမှာ ဘဏ္ဍာရေးအရအားပေးကူ ညီမှု ချေးငွေ၊ ကုန်ထုတ်လုပ်မှု၊ ဈေး ကွက်ချဲ့ထွင်မှု၊ လုပ်ငန်းတိုးချဲ့မှု၊ စီမံခန့် ခွဲမှု၊ သတင်းအချက်နဲ့အကြံပေးတာ တွေပါဝင်ပါတယ်။ ဝန်ကြီးဌာနတွေ၊ ဒေသန္တရအဖွဲ့ တွေနဲ့အပြည်ပြည်ဆိုင်ရာအလှူရှင်တွေ က စီးပွားရေးဖွံ့ဖြိုးမှု အစီအစဉ်တွေ ဆောင်ရွက်ပေးပေမဲ့ ဦးစားပေးမှုတွေက ထိရောက်မှုမရှိဘူးလို့ စီးပွားရေးလုပ် ငန်းဖွံ့ဖြိုးမှုဌာန က ပြောပါတယ်။ ဗဟိုစာရင်းရုံးက စီးပွားရေးလုပ် ငန်းပေါင်း ၁၀၀၀၀ ကျော်ကို ဧပြီလက စစ်တမ်းကောက်ယူခဲ့တဲ့အနက် ၉၀ ရာ ခိုင်နှုန်းလောက်က ဦးစားပေးချေးငွေ တွေမရခဲ့ဘူးလို့ ပြောပါတယ်။ ဌာနက ကောက်ယူခဲ့တဲ့စစ်တမ်းအရ နည်းပညာ ဆန်းသစ်မှုအတွက် ထောက်ပံ့မှုမူဝါဒ တွေအကြောင်း မသိတဲ့ SME က ၆၀ ရာခိုင်နှုန်းရှိပြီး ၃၅ ဒသမ ၅ ရာခိုင်နှုန်း က မူဝါဒတွေအကြောင်းသိပေမဲ့ အသေးစိတ်မသိကြပါဘူး။ ဒီလိုဖြစ်ရတာက မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ တာဝန်ယူ ဆောင်ရွက်တဲ့ကော်မတီမရှိလို့ဖြစ် ကြောင်း ဌာနကပြောပါတယ်။ မူဝါဒ တွေက SME တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်ဘူးဆိုတာကို ဒုတိ ယဝန်ကြီး ဒန်ဟွိုင်ဒေါင်ကပြောပါ တယ်။ SME တွေလိုအပ်နေတာက ငွေ မဟုတ်ဘူး။ ပိုမိုကောင်းမွန်တဲ့ ဥပဒေ ရေးရာမူဘောင်နဲ့ စီမံအုပ်ချုပ်မှုပြုပြင် ပြောင်းလဲရေးတွေဖြစ်ကြောင်း မြောက် ပိုင်းဒေသဟိုင်ဒေါင်ပြည်နယ် စီးပွားရေး လုပ်ငန်းမှတ်ပုံတင်ရုံးဦးစီးမှူး လီမင်းဟင် ကပြောပါတယ်။