Main menu

Background

ပုဂ္ဂလိက ကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး မုံံရွာခရိုင်လုပ်ငန်းညှိနှိုင်းဆွေးနွေး ပွဲကျင်းပ

Thu, 06/27/2013 - 14:48 -- ydnar

နိုင်ငံတော်သမ္မတကြီးရဲ့ စတုတ္ထ အဆင့်ပြုပြင်ပြောင်းလဲရေး အစီအစဉ် အရ ပုဂ္ဂလိက ကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်မြို့များမှာ ပြုလုပ်ကျင်းပလျက်ရှိရာ မုံရွာခရိုင်ပုဂ္ဂလိက ကဏ္ဍပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေး အကြိုလုပ်င န်းညှိနှိုင်း ဆွေး နွေးပွဲကို ဇွန်လ ၂၀ ရက်နေ့ နံနက်က မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်း အဝေးခန်းမမှာကျင်း ပခဲ့ပါတယ်။

အဆိုပါ အကြို လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ တိုင်း ဒေသကြီးအစိုးရ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးတင်ငွေ၊ စည်ပင်သာယာ ရေးဝန်ကြီး ဦးတင့်လှိုင်မြင့် တို့နဲ့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦး အောင်မောင်း၊မုံရွာ စီးပွားရေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊မုံရွာခရိုင် အထွေ ထွေအုပ်ချုပ်ရေးမှူးနဲ့ မုံရွာခရိုင် ၈ မြို့နယ်မှ အထွေထွေ အုပ်ချုပ်ရေးမှူး များ၊ မုံရွာမြို့နယ်မှ လုပ်ငန်းကော်မတီ ဝင်များ၊ မုံရွာမြို့ပေါ်ရှိ စီးပွားရေးလုပ် ငန်းအဖွဲ့အစည်း မျာဖြစ်ကြတဲ့ မုံရွာ ကုန်စည်ဒိုင်ဥက္ကဋ္ဌနဲ့အတွင်းရေးမှူး မုံရွာ စက်မှုဇုန်၊ ကြာဇံဇုန်၊ ကုန်စည်ပို့ဆောင် ဝန်ဆောင်မှု အသင်းစတဲ့ ဖိတ်ကြားထား သူများ၊ စုစုပေါင်း ၄၅ ဦးတက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ စစ်ကိုင်းတိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌ၊လမ်းပန်းဆက်သွယ် ရေးဝန်ကြီး၊စည်ပင်သာယာဝန်ကြီး တို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ သလို မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနတိုင်းဦး စီးမှူးတို့မှပုဂ္ဂလိက ကဏ္ဍပြောင်းလဲဖွံ့ဖြိုး တိုးတ က်ရေးအကောင်အထည် ဖော်ရာ မှာ လိုက်နာဆောင်ရွက်ရမယ့် အခြေခံ လုပ်ငန်းများ၊သဘော တရား များနဲ့အသင်း အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာလုပ်ထုံး၊ လုပ် နည်းများကို စာတွေ့လက်တွေ့ အတွေ့ အကြုံများအား အကျယ် တဝင့်ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြရာ ဇွန်လ မကုန် မီအတွင်း ပြုလုပ်မဲ့ဆွေးနွေးပွဲမှာ မုံရွာ ခရိုင် ၈ မြို့နယ်ရှိ စီးပွားရေးဆိုင်ရာ လုပ်ငန်းအစုအဖွဲ့၊ ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းအစုအဖွဲ့၊ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်း အစုအဖွဲ့များစုံလင်စွာတက် ရောက်နိုင်ရေး ကြိုတင်ကွင်းဆင်း စည်း ရုံးဆောင်ရွက်ရန်မှာကြားပြီး၊ ဆွေးနွေး ပွဲကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ထွန်းလှိုင် - မုံရွာ