Main menu

Background

၂၀၁၃-၂၀၁၄ ခုနှစ်၊ မိုးစပါးအတွက် ဘိုကလေးမြို့နယ်မှ တောင်သူများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ကျပ်သန်းပေါင်း ၁၈၀၀၀ ထုတ်ချေးသွားမည်

Thu, 06/27/2013 - 14:49 -- ydnar

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ ၂၀၁၃-၂၀၁၄ ခုနှစ်၊ မိုးစပါးအတွက် တောင်သူများ အားစိုက်ပျိုးစရိတ်ဘဏ်ချေးငွေ ပေးအပ်ပွဲ အခမ်းအနားကို  ဇွန်လ ၁၈ ရက်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စား လှယ် ဦးမျိုးဝင်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြိုနယ်ချေးငွေ  အကြံပေးအဖွဲ့များ၊ ပက်ပြဲကျေးရွာအုပ်စုမှကျေးရွာအုပ်ချုပ် ရေးမှူးနဲ့ တောင်သူများ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက နိုင်ငံ တော်မှ တောင်သူများကို ချေးပေးတဲ့ ဘဏ်ချေးငွေများကို မိမိတို့လယ်ယာ လုပ်ငန်းခွင်မှာ အကျိုးရှိရှိ အသုံးပြုကြ ဖို့လိုကြောင်း၊ ချေးယူငွေများ ကိုလည်း ပြန်လည်ပေးဆပ်ရာမှာ အခက်အခဲမရှိ စေရေးနဲ့ တာဝန်သိသိနဲ့ သတ်မှတ်ချိန် အမီ ပေးဆပ်နိုင်ဖို့အတွက် ကြိုတင်စီမံ ဆောင်ရွက်ထားကြဖို့လိုကြောင်း၊ အဖွင့် စကား ပြောကြားသွားပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပက်ပြဲ ကျေးရွာအုပ်စုရှိတောင်သူ ၃၀၅ ဦးကို ဘဏ်ချေးငွေကျပ် ၂၅၆၈ သိန်းကို ပေး အပ်ရာတောင်သူများကိုယ်စားကျေးရွာ အုပ်ချုပ်ရေးမှူးမှ လက်ခံရယူပြီး၊ အခမ်း အနားအပြီးမှာ ပက်ပြဲကျေးရွာအုပ်စုမှ တောင်သူတစ်ဦးချင်းစီအား ဆက်လက် ထုတ်ပေးခဲ့ပါတယ်။ ဘိုကလေးမြို့နယ်၊  မြန်မာ့လယ် ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၃-၂၀၁၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်များကို တိုင်းဒေ သကြီးဘဏ်ခွဲ ခွင့်ပြုချက်နဲ့ ဘိုကလေးမြို့နယ်ရှိ ကျေးရွာအုပ်စု ၆၉ အုပ်စု၊ တောင်သူဦးရေ ၂၀၀၀၀ ထုတ် ချေးမယ့် ဧက ၁၈၀၀၀၀ ဧက၊ တစ်ဧက ကျပ်တစ်သိန်းနှုန်းနဲ့အများဆုံး ၁၀ ဧက အထိ ထုတ်ပေးမှာဖြစ်ပြီး၊ အတိုးနှုန်းငွေ ၁၀၀ ကျပ်ကို တစ်နှစ် ၈ ဒသမ၅ရာခိုင် နှုန်းနဲ့ ထုတ်ချေးငွေ ကျပ်သန်းပေါင်း ၁၈၀၀၀ ထုတ်ချေးသွားမှာဖြစ်ကြောင်း သိရပါတယ်။မင်းဇော်မွန် - ဖျာပုံမင်း