Main menu

Background

ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ အရည်အသွေးကောင်း စိန်တစ်လုံး သရက်ထုတ်လုပ်နိုင်ရေး သရက်စိုက်တောင်သူများသို့ နည်းပညာပေး

Thu, 06/27/2013 - 14:51 -- ydnar

ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုး ထွက်ရှိသော စိန်တစ်လုံးသရက်သီးများ အရည်အသွေး ပိုမိုကောင်း မွန်ပြီး၊အာရှနဲ့ ဥရောပဈေးကွက်များသို့တိုးတက်တင်ပို့နိုင် ရေးအတွက် FAO နဲ့ စိုက်ပျိုးရေးဦးစီး ဌာနတို့ပူးေ ပါင်းပြီးသီးထိုးယင်ဘက်စုံကာ ကွယ်ရေးနည်းပညာပေးသင်တန်းကို၂၀၁၃ ခုနှစ် ဇွန် ၁၉ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့စိုက်ပျိုးရေးဦးစီးဌာန သင် တန်းခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ် တောင်ပိုင်းမှ စိန်တစ်လုံးသရက်စိုက်ပျိုး ထုတ်လုပ်သူတောင်သူ/လုပ်ငန်းရှင် ၃၇ ဦးတက်ရောက်ခဲ့ကြပြီး FAO မှ  Senior National Consultant  ဦးကိုကို က ရှင်းလင်းပြောကြားရာမှာ မြန်မာ့ စိန်တစ်လုံးသရက်ကိုယခင်ကတရုတ်ပြည် ဈေးကွက်သို့သာ အဓိက တင်ပို့နိုင်ခဲ့ ကြောင်း၊ယခုအခါတရုတ်ဈေးကွက် အနှိမ် မခံရရေး အတွက်ဈေးကွက်ထိုးဖောက် ရာမှာ စင်ကာပူနိုင်ငံသို့ ယခင်နှစ်က ၅ တန်ခန့်သာတင် ပို့နိုင်သော်လည်း၂၀၁၃ တွင် တန် ၁၀၀ အထိ တင်ပို့ပြီးဖြစ်တဲ့ အပြင် ဟောင်ကောင်သို့ တန် ၃၀ ခန့် ကိုလေကြောင်းခရီးဖြင့်အသီးသီးတင်ပို့ခဲ့ ကြောင်း၊ ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ ထိုင်း စားသောက်ကုန်လုပ်ငန်းပြပွဲမှာ အီးယူ ဂျာမဏီ၊ အရှေ့အလယ်ပိုင်းနဲ့ဟောင် ကောင်နိုင်ငံ တို့မှ ပြောကြားချက်အရ မြန်မာ့စိန်တစ်လုံးသရက်သီးစား ရတဲ့ အရသာဟာကမ္ဘာပေါ်မှာအကောင်းဆုံး လို့သိရပြီး ကမ္ဘာ့သရက်သီးဈေးကွက်ကို ထိုးဖောက်နိုင်ရန် အရည်သွေး ကောင်း သရက်သီးများထွက်ရှိနိုင်ဖို့ သရက်စိုက် တောင်သူများကိုယခုကဲ့သို့ နည်း ပညာ ပေးခြင်း ဖြစ်ကြောင်း သိရပါတယ်။မင်းအောင်-တောင်ကြီး