Main menu

Background

နို့ဆီတန်ချိန် နှစ်ရာ့လေးဆယ် ကျော်ဝင်

Mon, 07/01/2013 - 13:17 -- ydnar

ပြည်တွင်းကို ဇွန်လ ၁၆ ရက်မှ ၂၂ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ နှစ်သိန်းငါးသောင်း ကျော်တန်ဖိုး ရှိ နို့ဆီ ၂၄၈ ဒသမ ၄၀ တန်ကို ပင်လယ်ရေကြောင်း လမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်နို့ဆီအဝင်က တန်ချိန် ငါးရာ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီတင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နို့မှုန့်က စင်ကာပူနိုင်ငံမှ ၉ ဒသမ ၁၄ တန်နဲ့ မလေးရှားနိုင်ငံမှ သုည ဒသမ ၃၂၄ တန်တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် နို့မှုန့်တင်သွင်းမှုမှာ ၂၅ တန်နီးပါးအဝင် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။                MIRT (DOT)