Main menu

Background

အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် မြန်မာမတ်ပဲ၊ ပဲစင်းငုံနီဈေးကျဆင်း ပဲမျိုးစုံအတွက် အနိမ့်ဆုံးထောက်ပံ့ဈေး ပြောင်းလဲသတ်မှတ်

Mon, 07/01/2013 - 11:11 -- ydnar

ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန် ဘိုင်း ဈေးကွက်တွင် မြန်မာမတ်ပဲနှင့် ပဲစင်းငုံနီကို ပဲခွဲစက်နှင့် ကုန်သည်များ ဝယ်လိုအားမရှိခြင်း၊ အတွင်းပိုင်းဈေး ကွက်မှ အရောင်းအဝယ် မလုပ်သေး ခြင်း တို့ကြောင့် ဈေးဆက်တိုက် ကျဆင်း နေကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံတွင်းရှိ စီးပွားရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ဝန်ကြီးအဖွဲ့ကော်မတီက ၂၇.၆.၁၃ ရက်နေ့က ၂၀၁၃-၂၀၁၄ (ဇူလိုင်-ဇွန်) စိုက်ပျိုးရာသီရဲ့ မိုးသီးနှံတွေအတွက် အနိမ့်ဆုံးထောက်ပံ့ဈေး (MSP)  ကို တိုးမြှင့်ပေးခဲ့ကြောင်း၊ ပဲစင်းငုံနီကို  တစ်ကွမ်တယ်လျှင်  ၄၃၀၀ ရူပီး၊ ပဲတီ စိမ်းကို ၄၅၀၀ ရူပီးသို့ တိုးမြှင့်ပေးခဲ့ပြီး မတ်ပဲကိုမူ ယခင်နှစ် သတ်မှတ်နှုန်း ၄၃၀၀ ရူပီးအတိုင်း ဆက်လက်ထားရှိ ကြောင်း သိရပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းသို့သြစတြေးလျ ပဲတီစိမ်း ၁၀ လုံး၊ ပဲရာဇာ ၁၀ လုံး၊ ကနေဒါ ပဲရာဇာ ၁၅၄ လုံး၊ ပဲလုံးစိမ်း ၆ လုံး၊ မြန်မာပဲစင်းငုံ ၁၆၈ လုံး၊ အမေ ရိကန် pinto bean  ၃လုံး၊ တန်ဇန်းနီး ယား ပဲတီစိမ်း ၁၅ လုံး ဝင်ရောက်လာခဲ့ ပါတယ်။ချန်နိုင်းဆိပ်ကမ်းသို့ မတ်ပဲ ကွန်တိန်နာ ၂၂၇ လုံး၊ ပဲတီစိမ်း ၄၁ လုံး၊ ပဲစင်းငုံ ၂၉ လုံး၊ ပဲနီလေး ၁၈၃ လုံး၊ ပဲဝါလေး ၁၄ လုံး၊ ပဲလုံးစိမ်း ၁ လုံး ဝင်ရောက်ခဲ့ပါတယ်။ တတိယ အကြိမ်ခန့်မှန်းချက်အရ မတ်ပဲတန်ချိန်၁ ဒသမ ၈၇ သန်း၊ ပဲစင်း ငုံနီ ၃ဒသမ၀၄ သန်း၊ ကုလားပဲ ၈ ဒသမ ၄၉ သန်း၊ ပဲတီစိမ်း ၁ ဒသမ ၁၈ သန်းထွက်ရှိမည်ဖြစ်ကြောင်း၊ စိုက် ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ မိုးပဲစိုက်ပျိုးမှု ဟက်တာ ၃ ဒသမ ၇၄ သိန်း ရှိနေပြီဖြစ်ကြောင်းသိရပါ တယ်။နှင်းဧကရီ (DOTP)