မုံရွာကုန်စည်ဒိုင်ရှိ ဒေသခံကုန်သည်တွေအနေနဲ့ သူ့ ဒေသ သူ့နယ်နဲ့သူ၊ ပဲအမျိုးအစားအလိုက် ဦးစားပေး ဝယ်ယူ သိုလှောင်ရောင်းဝယ်လျက်ရှိရာ ပဲကြီးလိုင်းမှာ အဓိကရောင်း ဝယ်တဲ့ ကုန်သည် ၁၀ ဦးခန့်ရှိတယ်လို့ သိရပါ တယ်။ မုံရွာ ကုန်စည်ဒိုင်ကို အဓိကပဲကြီးစီးဝင်ရာ ချောင်းဦး၊ ဘုတလင်၊ ယင်းမာပင်နဲ့ ကနီ၊ မင်းကင်းစတဲ့ဒေသ တွေက ဝင်လာသမျှ ပဲတွေဟာ သူ့ပွဲရုံနဲ့သူ ရောင်းကြဝယ်ကြသိုလှောင်ကြလျက် ရှိပါတယ်။
ပဲကြီးအနေနဲ့ သဘာဝအားဖြင့် စိုက်ပျိုးချိန်ကနေ သို လှောင်ချိန်ထိ အခြားပဲများထက် မိုးပိုကြိုက်တဲ့အတွက် စိုက် ပျိုးရာ၊ သိုလှောင်ရာမှာ ပျက်စီးဆုံးရှုံးမှုဖြစ်လို့ ဂရုစိုက်ကြရ၊ ရင်းနှီး မြှုပ်နှံကြရ၊ ကြီးမားခက်ခဲတယ်လို့ တောင်သူနဲ့ ကုန် သည်တွေကပြောပါတယ်။ ဈေးကွက်အနေနဲ့လည်း ဒေသ တွင်း နှစ်ပြန်ကြော်တွေ ခေတ်စား လာကထဲက ရောင်းအား တက်ခဲ့သလို တရုတ်ပြည်က ဝယ်လိုအားကောင်းလို့လည်း ခုလိုဈေးမြောက်လာ ခဲ့ခြင်းဖြစ် တယ်လို့ ဆိုပါတယ်။ ဇွန်လ နောက်ဆုံးပတ်မှာရေပဲကြီး(အပြားကြီး)ဟာတစ်တင်း ၃၃၅၀၀ ကျပ်ထိ အမြင့်ဆုံးပေါက် ခဲ့ပြီး ကုန်းပဲကြီး (အပြားသေး) ကတစ်တင်း ၃၁၅၀၀ ကျပ်ထိအမြင့်ဆုံးပေါက်ခဲ့ပါတယ်။ မနှစ် ကနဲ့ ကာလတူေ ပါက်ဈေးကို နှိုင်းယှဉ်တဲ့အခါ တစ်တင်း ၁၅၂၀၀ ကျပ်နဲ့ ၁၉၅၀၀ ကျပ်သာရှိတာတွေ့ရပါတယ်။ အဓိက ဈေးနှုန်း ကွာခြားချက်က ဝယ်လက်အားသာမှုအပြင် အထွက်လျော့နည်းခြင်းကြောင့်လည်းဖြစ်တယ်လို့ ကုန်သည် တွေက ဆိုပါတယ်။ လောလောဆယ် မုံရွာကုန်သည်တွေရဲ့ လက်ဝယ်မှာ ပဲကြီးလက်ကျန် အတန်အသင့်ရှိသေးပေမဲ့ မိုးပဲကြီး မပေါ်မီ အထိ တက်ဈေးမျှော်ကာ ထိန်းရောင်းနိုင်ဖွယ်ရှိတဲ့အတွက် ဈေးဆက်လက်မာနေနိုင်တယ်လို့ သုံးသပ်ရရှိပါကြောင်း။ထွန်းလှိုင်-မုံရွာ