Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပဲစင်းငုံစိုက်ပျိုးမှု ၅၀ ရာခိုင်နှုန်းကျော်ပြီ

Mon, 07/01/2013 - 11:20 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပဲစင်းငုံကို ဧက ၅ ဒသမ ၅၅ သိန်းလျာထားပြီး၊ ဇွန်လ ၂၃ ရက်ထိ ဧက ၂ ဒသမ ၉၆ သိန်းစိုက်ပျိုးနိုင်ခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၅၃ ဒသမ ၃၄ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ကြောင်း သိရပါတယ်။

ယခုနှစ်မှာ မိုးဦးကာလစောပြီး ရွာသွန်းခဲ့တဲ့အတွက် ကာလတူ စိုက်ပျိုးမှု နှိုင်းယှဉ်ပါက ယခင်နှစ်ထက် စိုက်ဧက ၅ ထောင် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပဲစင်းငုံမှာ အိန္ဒိယမိုဘိုင်းဈေးကွက် ပုံမှန်အဝယ်ရှိခြင်း၊ မြေမရွေးစိုက်ပျိုးနိုင်ခြင်း၊ မိုးခေါင်ဒဏ် ခံနိုင်ရည်ရှိခြင်း တို့ ကြောင့်တောင်သူများ နှစ်စဉ်တိုး၍ စိုက်ပျိုးလာကြကြောင်း သိရပါတယ်။အောင်မင်း - တန့်ဆည်