ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းကုန်စည်ဒိုင်မှာ ဇွန်လနောက်ဆုံးပတ် အတွင်း လယ်ယာထွက်ကုန်ပစ္စည်း အများစုမှာ ဈေးနှုန်းအတက်၊ အကျ အနည်း ငယ်သာရှိပြီးဈေးငြိမ်ခဲ့သော်လည်း၊ ဈေးကွက်ကို ဝင်ရောက်တဲ့ ပစ္စည်းအားလုံး ပုံမှန်ထက် အရောင်းသွက်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်ပန်းဈေးကွက်မှာ ပဲပုပ်စေ့နဲ့ ပန်းနှမ်းက တစ်ပိဿာ ၁၀၅၀ ကျပ်နဲ့ ၁၁၀၀ ကျပ်ဈေးမှာ ခိုင်မာနေပြီး၊ ဒေသတွင်း စားသုံးဖို့နဲ့မျိုးအတွက် ပုံမှန် အရောင်းအ ဝယ်ဖြစ်နေပြီး၊ ပဲရာဇာတစ်ပိဿာ ၁၄၀၀ ကျပ် - ၁၄၅၀ ကျပ် ဝန်းကျင်ပေါက်ဈေးနဲ့ မန်းပဲခွဲစက်များက အဝယ်ရှိတယ်လို့ သိရပါတယ်။
အောင်ပန်းကုန်စည်ဒိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ရဲ့ စားဖိုဆောင် သီးနှံ ဈေးနှုန်းများကတော့ ကြက်သွန်ဖြူတစ်ပိဿာ ၅၀၀ ကျပ် - ၁၄၀၀ ကျပ်၊ ချင်းအစို တစ်ပိဿာ ၃၅၀ ကျပ် - ၄၀၀ ကျပ်၊ နနွင်းတစ်ပိဿာ ၁၁၀၀ ကျပ်၊ ချင်းခြောက်တစ်ပိဿာ ၁၁၅၀ ကျပ်နဲ့ အာလူးတစ်ပိဿာ ၄၀၀ ကျပ် - ၉၀၀ ကျပ်တို့ဖြစ်ပြီး၊ ဇွန်လ ၂၁ ရက်မှ ၂၇ ရက်အထိ ပဲပုပ်စေ့ ၂၅ တန်၊ ပဲရာဇာ ၂၆ တန်၊ ပန်းနှမ်း ၃၄ တန်၊ ကြက်သွန်ဖြူ ၃၈၂ တန်၊ ချင်းစို ၃၆၃ တန်၊ နနွင်း ၇၅ တန်၊ ချင်းခြောက်တန် ၅၀ နဲ့ အာလူး ၄၉၂ တန်၊ စုစုပေါင်း ၁၄၄၇ တန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်သတင်းအရ သိရပါတယ်။ မင်းအောင် - တောင်ကြီး