မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက် ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)ကို ယခုလပိုင်းမှာ အနယ် နယ် အရပ်ရပ်ဒေသထွက် ပဲတီစိမ်းကြီး ဝင်ရောက်မှုများသလို အရောင်းအဝယ် ဖြစ်မှုလည်း မြန်ဆန် သွက်လက် နေပါ တယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ငါန်းဇွန်ဒေသများသာမက ပခုက္ကူ၊ မုံရွာ၊ ချောင်းဦးဒေသများမှ လည်း ဝင်ရောက်လျက် ရှိပါတယ်။မြင်းခြံ၊ တောင်သာဒေသမှ ဝင်ရောက်မှု ရှိသော်လည်း နည်းပါးပြီး၂၀၁၃ ခုနှစ်၊ မေလနောက်ဆုံးအပတ်မှာ ပဲတီစိမ်းကြီး တစ်ပိဿာ ၁၃၈၇ ကျပ်(တစ်တန် ၈၄၉၃၈၅ ကျပ်) နဲ့ နေ့စဉ်သုံးတင်းအိတ် ၁၀၀၀ မှ ၁၄၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။
ယခုဇွန်လ နောက်ဆုံးအပတ်မှာ ပဲတီစိမ်းကြီး တစ် ပိဿာ၁၆၀၀ကျပ် (တစ်တန် ၉၇၉၈၂၄ ကျပ်) နဲ့ နေ့စဉ်သုံးတင်းအိတ် ၂၀၀၀ မှ ၂၅၀၀ ကြား အရောင်းအဝယ်ဖြစ်လို့ ရောင်းဝယ် အားကောင်းလာသလို ဈေး နှုန်းလည်း ကောင်းလာပါတယ်။ ယခင် လနဲ့ယခုလ ပဲတီစိမ်းကြီးဈေးနှုန်း နှိုင်း ယှဉ်ပါက တစ်ပိဿာကို ၂၁၃ ကျပ်မြင့် တက်လာတဲ့အတွက်တစ်တန်၁၃၀၄၃၉ ကျပ်မြင့်တက်လို့ အကြမ်းအားဖြင့် တစ်တန်ကို တစ်သိန်းကျော်မြင့်တက် ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီး စိုက်ပျိုးထွက်ရှိတဲ့ ဒေသအပေါ်မူတည်ပြီး အရည်အသွေး ကွာခြားတာကြောင့် ဈေးနှုန်းလည်း ကွာဟပါတယ်။ မြစ်ကမ်းနဘေးနဲ့ ဆည် ရေသောက်ဒေသများမှ စိုက်ပျိုးထွက်ရှိ တဲ့ ပဲတီစိမ်းများမှာ အရည် အသွေး ကောင်းမွန်တဲ့အတွက် ဈေးကောင်းရရှိ ကြောင်း၊ ပြည်ပ(တရုတ်) ဝယ်လိုအား ကောင်းတာက တစ်ကြောင်း၊ ဒေသ တွင်းကုန်သည်လှောင်လက်များနဲ့ရန်ကုန် ဝယ်လက်ကုန်သည်များ ပုံမှန်အရောင်း အဝယ်ရှိ တာကြောင့် မန္တလေး ပဲတီစိမ်း ကြီးရောင်းလိုအား ဝယ်လိုအားကောင်း လျက်ရှိကြောင်း၊ ပွဲစားကုန်သည်ကြီး တစ်ဦးမှ ပြောပါတယ်။ နောက်ထပ် အခြား ပဲတီစိမ်း ကုန်သည်တစ်ဦးမှ လည်း တရုတ် (ယွမ်) ငွေကြေး လဲလှယ်မှု မြင့်တက်နေပြီး ပဲတီစိမ်းဝယ်ယူလိုမှု အားရှိနေတဲ့အတွက် ပြည်တွင်းဈေး ကွက်မှာ ဈေးမြင့်လာ ရခြင်းဖြစ်ကြောင်း အဲဒီလို ဈေးကောင်းရရှိတဲ့အတွက် ပဲ စိုက် တောင်သူတွေရော မိမိတို့ကုန် သည် ပွဲစားများပါ အရောင်းအဝယ် သွက်လက်တာကြောင့် အကျိုးအမြတ် ဖြစ်ထွန်းကြောင်း ပြောပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လမှာ ပဲတီ စိမ်းကြီး တစ်ပိဿာ ၁၀၆၇ ကျပ် (တစ် တန် ၆၅၃၄၂၀ ကျပ်)ဖြစ်ပြီး ယခု ၂၀၁၃ ခုနှစ် ဇွန်လနောက်ဆုံးအပတ်မှာ ပဲတီစိမ်းကြီး တစ်ပိဿာ ၁၆၀၀ ကျပ် (တစ်တန် ၉၇၉၈၂၄ ကျပ်) ဖြစ်လို့ တစ်ပိဿာ ၅၃၃ ကျပ်(တစ်တန် ၃၂၆၄၀၄ ကျပ်) ကွာခြားမှုရှိတာ ကြောင့် ယခင်နှစ်နဲ့ ယခုနှစ် ပဲတီစိမ်း ကြီး ဈေးကွာဟမှု မြင့်မားလျက်ရှိ ကြောင်း သိရပါတယ်။ စိုးအောင် - မန္တလေး