Main menu

Background

မန်ကျည်းမှည့်များ ဈေးပြန်မာ

Mon, 07/01/2013 - 11:25 -- ydnar

ဇန်နဝါရီလဆန်း မန်ကျည်းမှည့်အသစ်များ ပေါ်စအချိန် ဈေးကွက်မှာ အဝင်မလှိုင်သေးတာကြောင့် မန်ကျည်းသီးအသစ်အစေ့မပါ တစ်ပိဿာ ၂၀၀၀ ကျပ်နဲ့ မန်ကျည်းဟောင်း တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးရှိခဲ့ပါတယ်။  မန်ကျည်း မှည့်များ လှိုင်လှိုင်ပေါ်ချိန် မတ်လမှာတော့ မန်ကျည်းမှည့်သစ် အစေ့မပါ တစ် ပိဿာ ၁၀၀၀ ကျပ်ဈေးသာ ရှိခဲ့ပြီး လှောင်လက်သမားများ အဝယ် လိုက်တာ ကြောင့် အရောင်းအဝယ်သွက်ခဲ့တာကိုတွေ့ရပါတယ်။ ယခု ဇွန်လ ကုန်မှာတော့ မန်ကျည်းမှည့်ဈေးများ ပြန်မြင့်လာခဲ့ပြီး၊ လက်ကားတစ်ပိဿာ ၁၅၀၀ ကျပ်၊ လက်လီတစ်ပိဿာ ၂၀၀၀ ကျပ်ဈေးထိ ဈေးပြန်မာလာခဲ့ပေမဲ့ အရောင်း အဝယ်က တော့ အနည်းငယ်အေးနေပါတယ်။ ယခုဇွန်လ နောက်ဆုံး ပတ်မှာတော့ ပြည်ဈေး ကွက်အတွင်းမှာ ယခင်နှစ်က မန်ကျည်းမှည့်ဟောင်းများ လက်ကျန်မ ရှိတော့ခြင်း ကြောင့် ဈေးပြန်မာလာတာလို့သိရပါတယ်။                  အိဆွေဇင်-ပြည်