မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ၂၀၁၃ ခုနှစ် ဇွန် ၁၉ ရက်မှ ၂၅ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၈၈၄ သန်းတန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀၀ နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် နဲ့နှိုင်းယှဉ် ပါ က ၇၄ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာကိုတွေ့ရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ဖြစ်သော မြဝတီ ကူးသန်းရောင်း ဝယ်ရေးစခန်းကတော့ ယခုအပတ်တွင် တင်ပို့နိုင်ခြင်း မရှိတာ ကို တွေ့ရပါတယ်။ ယခင်အပတ်ကတော့ ကန်ဒေါ်လာ သုည ဒသမ ၁၆၇ သန်းတန်ဖိုးရှိကြက်သွန်နီ ၄၁၆ တန်ကျော် တင် ပို့ နိုင်ခဲ့တာဖြစ်ပါတယ်။ ခင်မြနွယ်၊MIRT