Main menu

Background

ဓာတ်ဆီ၊ဒီဇယ်ဆီဈေးနှုန်းများ (1-7-13)

Mon, 07/01/2013 - 11:40 -- ydnar

ပင်လယ် ရေကြောင်းလမ်းမှ  ဓာတ်ဆီ/ဒီဇယ်တန်ချိန် တစ်သိန်း တစ်သောင်း ကျော်ဝင်
 
ဇွန်လ ၁၆ ရက်မှ   ဇွန်လ ၂၂ ရက်အတွင်း ဓာတ်ဆီတန်ချိန် တစ်သောင်း နှစ်ထောင်ကိုးဆယ့်ငါးတန်ကျော် ၊ ဒီဇယ်တန်ချိန် စုစုပေါင်း တန်ချိန် သုံးသောင်း နှစ်ရာလေးဆယ့်ကိုးတန်ကျော်ကို တင်သွင်းခွင့်လိုင်စင်လျှောက် ထားခဲ့တယ်လို့ သိရ ပါတယ်။ ယခင်တစ်ပတ်ဓာတ်ဆီအဝင်က တန်ချိန်နှစ်သောင်းတစ်ထောင် ကျော်ရှိခဲ့ ပြီး ၊ဒီဇယ်အဝင်က တန်ချိန် ကိုးသောင်း နှစ်ထောင်ကျော်သာရှိခဲ့တာကြောင့် ဒီ တစ်ပတ်မှာ ဓါတ်ဆီတန်ချိန် ကိုးထောင့် လေးရာကျော် အဝင်နည်းသလို  ဒီဇယ် တန်ချိန် ခြောက်သောင်းနှစ်ထောင်ကျော် အဝင်လျော့ခဲ့ဲ့တယ် လို့ သိရပါတယ်။

ပြည်တွင်းပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဇွန်လ ၁၀ရက်နေ့မှ ဇွန်လ၁၄ ရက်နေ့အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက မန္တလေး၊ တောင်ကြီး၊ ရန်ကုန်တွင်ဈေးငြိမ်နေသော် လည်း မော်လမြိုင်မှာဓာတ် ဆီဈေးနှစ်ရာကျပ် ဈေးကျ လာပြီး ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ပြင်ပ မှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးများမှာ ရန်ကုန်မှာဓာတ်ဆီဈေး ငြိမ်နေသော်လည်း ဒီဇယ်ဝယ်ဈေး၊ ရောင်းဈေး အနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ မန္တလေးမှာလည်းဓာတ်ဆီ၊ ဒီဇယ်ဈေး အနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ မော်လမြိုင်ဈေးကွက်မှာ ဒီဇယ်အောက် တိန်း ဈေးငြိမ်နေပေမဲ့ ဓာတ်ဆီ ဈေး ကျလာပါတယ်။ တောင်ကြီးမှာတော့ ဈေးငြိမ်နေကြောင်း သိရပါတယ်။ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ဒီဇယ်ဈေးနဲ့ အဆင့်မြင့်ဒီဇယ်ဈေးမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင် မှာ ရောင်းချနေတဲ့ဈေးမှာဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၈၇၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် ၉၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းချ နေတဲ့ဆိုင်များ မှာဓာတ်ဆီဈေးက ဇွန်လ ၁၇ ရက်မှာတစ်ပီပါ ၂၀၅၀၀၀ ကျပ်ဈေးရှိခဲ့ရာမှ ဇွန်လ ၂၇ ရက်နေ့မှာ တစ်ပီပါ ၂၀၀၀၀၀ ကျပ်ကိုဈေးကျလာတယ်လို့သိရပါတယ်။ဒီဇယ် ဈေးမှာဇွန်လ ၁၉ ရက်နေ့မှာ ရောင်းဈေး တစ်ပီပါ ၁၈၃၀၀၀ ကျပ်ရှိရာမှ ဇွန်လ ၂၆ ရက်နေ့တွင်တစ်ပီပါ ၁၈၇၀၀၀ ကျပ်ထိ ဈေးမြင့်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၀၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၂၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၅၀၀ ကျပ်ဝယ်ပြီး ၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ဓာတ်ဆီ၊ဒီဇယ်အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန် အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဒီဇယ်၊ဓာတ်ဆီဈေးမှာလည်း ငြိမ် နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင် တစ်ပတ်ဈေးဖြစ်တဲ့ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာတော့ဒီဇယ်ဈေး အနည်း ငယ်ဈေးမြင့်အဝယ်ရှိသလို အရောင်းဈေးလည်း အနည်းငယ်မြင့်လာပါတယ်။ဒီတစ်ပတ်ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန်ဝယ်ဈေး ၄၀၀၀ ကျပ်၊ ရောင်းဈေး ၄၂၀၀ ကျပ် ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၇၀၀ ကျပ် ၊ ရောင်းဈေး ၃၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓါတ်ဆီ၊ ဒီဇယ် ဝယ်ရောင်းသမားတစ်ဦး မှ ပြောပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးကျလာပေမဲ့ ဒီဇယ်၊ အောက်တိန်းက တစ်ရာဝန်း ကျင် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးမှာဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၁၅၀ ကျပ်၊ အောက်တိန်း ၄၀၅၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီရောင်းချတဲ့ဆိုင် မှာတော့ဒီဇယ်၊ အောက်တိန်းဈေးငြိမ်နေပေမဲ့ ဓာတ်ဆီဈေးမှာ နှစ်ရာဝန်းကျင် ဈေးကျလာကြောင်း သိရပါတယ်။ ဒီတစ်ပတ် ပြင်ပလက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ် ၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ဒီဇယ် ဈေးမှာငြိမ်နေသလို ပြင်ပလက်လီဆိုင်များ မှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးကဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။                                                  MIRT(DOT)