Main menu

Background

ပြင်ပဈေးကွက်တွင် ဒေါ်လာဈေး ၁၀၀၄ကျပ်အထိ မြင့်တက်ခဲ့ပြီးမှ ကျပ် ၁၀၀၀ သို့ ပြန်လည်ကျဆင်း

Mon, 07/01/2013 - 12:40 -- ydnar

ဇွန်လ ၂၈ရက်နေ့က ပြင်ပငွေလဲ ဈေးကွက်တွင် အမေရိကန်တစ်ဒေါ် လာလျှင် ကျပ် ၁၀၀၄ ကျပ်သို့ သုံးနှစ် အတွင်း အမြင့်ဆုံးမြင့်တက်ခဲ့ပြီးမှ ထို နေ့ ညနေပိုင်းမှာပင် ကျပ် ၁၀၀၀သို့ ပြန်လည်ကျဆင်းခဲ့သည်။

နေပြည်တော်တွင်ကျင်းပလျက် ရှိသည့်ကျောက်မျက်ပြပွဲကြောင့် ပြည် တွင်းတွင် ဒေါ်လာဈေးများမြင့်တက်ခဲ့ ရကြောင်း၊ တရားဝင်ဖွင့်လှစ်လျက်ရှိ သည့်ငွေလဲစင်တာများတွင်မူ ရောင်း ဈေး ၉၇၇ကျပ်၊ ဝယ်ဈေး ၉၇၀ဖြင့် ဝယ်ရောင်းပြုလုပ်နေကြသော်လည်း ပြင်ပငွေလဲဈေးကွက်တွင်မူ ရောင်းဈေး ကျပ် ၁၀၀၄ကျပ်၊ ဝယ်ဈေး ၉၉၉ကျပ် ဖြင့် ဝယ်ရောင်းပြုလုပ်နေကြကြောင်း ငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ဇွန်လ ၂၇ရက်နေ့က ကျောက် မျက်ပြပွဲပြီးဆုံးခဲ့ရာ ယင်းပြပွဲပြီးဆုံးသည် နှင့် ဒေါ်လာဈေးများလည်း ပြန်လည် ကျဆင်းလာခြင်းဖြစ်ကြောင်း၊ ငွေလဲ ဈေးကွက်အတွင်းမှသိရှိရသည်။ပြင်ပ ဈေးကွက်နှင့် စင်တာမှ ငွေဈေးများ ကွာဟနေသော်လည်း စင်တာများတွင် မူ အဝယ်ကောင်တာကိုဖွင့်လှစ်ထားပြီး အရောင်းကောင်တာကိုမူ ပိတ် ထားကြောင်း ငွေလာရောက်လဲလှယ် သူတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့အမေရိကန်ဒေါ်လာ ဈေး ကျပ် ၁၀၀၀သို့ရောက်ရှိလာခြင်း သည် ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေး ဈေးကွက်ကို နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ လုပ်ဆောင်ခဲ့သည့် ၂၀၁၂ခုနှစ် နောက် ပိုင်း ပထမဆုံးအကြိမ် အမြင့်ဆုံးနှုန်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ "အခု ငွေဈေးတက်တာက ကျောက်မျက်ပြပွဲကြောင့်ဖြစ်မယ်။ အဲဒီ ပွဲအတွက် လိုတဲ့ငွေကိုဝယ်နေကြတော့ ဈေးကတက်လာတယ်။ နိုင်ငံတကာမှာ ကလည်း ဒေါ်လာဈေးက တက်နေ တော့ တိုက်ဆိုင်သွားတာကြောင့် အခု လောက်အထိ တက်သွားရတာပါ။ ဒါ ပေမယ့် အဲဒီကျောက်မျက်ပြပွဲက ရလာ တဲ့ဒေါ်လာတွေကို ဈေးကွက်ထဲပြန် ရောက်လာရင်တော့ ဈေးက ပြန်ကျ သွားမှာပါ"ဟု ဝါရင့်ငွေလုပ်ငန်းကျွမ်း ကျင်သူတစ်ဦးက ဆိုသည်။ဒေါ်လာ ဈေးတက်လာခြင်းကြောင့်ငွေလဲ မှောင်ခိုလုပ်ငန်းများ ပြန်လည်ခေါင်း ထောင်လာကြကြောင်း သိရသည်။                မယ်သီတာ