Main menu

Background

မြန်မာ့ရွှေဈေး ဆက်တိုက်ကျဆင်းနေ

Mon, 07/01/2013 - 12:51 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် နေ့စဉ်ဆက်တိုက်ကျဆင်းနေ ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ ရွှေဈေးကျဆင်းနေသော် လည်းရွှေရောင်းလိုအားမှာပုံမှန်အတိုင်း ပင်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း က  မြန်မာ့ရွှေဈေးသည် ကျပ် ၇၁၀၀၀၀ တွင်  ရှိခဲ့သော်လည်း ယခုတစ်ပတ် အတွင်းတွင် ကျပ် ၆၆၈၀၀၀အထိကျဆင်းခဲ့သည်။

ပြီးခဲ့ သည့်ရက်များက ဈေးပြန်လည်တက် မည် ဟုခန့်မှန်း ထားခဲ့သော်လည်း ငွေလဲနှုန်းမြင့်တက်လာမှုနှင့် ကမ္ဘာ့ရွှေ ဈေး ရုတ်တရက်ကျဆင်း လာမှုတို့ ကြောင့် မြန်မာ့ရွှေဈေး မှာနေ့စဉ် လိုလိုကျဆင်းနေရခြင်းဖြစ်ကြောင်း ရွှေ ကုန်သည်တစ်ဦးက ဆိုသည်။ "ဒီတစ်ပတ်ထဲမှာ မြန်မာ့ရွှေဈေး က သိသိသာသာကိုကျလာတာ။ တစ် နေ့ကို လေးငါးထောင်လောက်ကျနေ တာ။ အဲဒီလိုကျနေပေမယ့်လည်း ရွှေ ဝယ်တဲ့သူက မရှိဘူး။ အထည်ဝယ်တဲ့ သူတွေကသာ များနေတာ။ ကမ္ဘာ့ရွှေ ဈေးကျနေတာကြောင့်လည်းပါတယ်။ ကမ္ဘာမှာအမေရိကန်က သူ့ရဲ့ငွေကြေး ကို ပြန်ပြီးခိုင်မာအောင် လုပ်လာတဲ့အခါ ကျတော့ ကမ္ဘာ့ရွှေဈေးက ကျလာရော၊ အဲဒီအခါကျတော့ ဒေါ်လာဈေး က ပြန်တက်လာတဲ့ အတွက် ပြောင်းပြန်အ ချိုးကျနေတဲ့ ရွှေဈေးက ကျလာတာပဲ။ ဆက်ပြီးကျနိုင်တဲ့အတွက် ရွှေဝယ်မယ့် သူတွေက စောင့်ကြည့်နေကြပါတယ်။ နောက်ပြီး ကမ္ဘာ့ရွှေဈေးနဲ့ မြန် မာ့ရွှေဈေးက ကျပ် နှစ်သောင်းေ ကျာ် လောက်ကွာနေတယ်။ ဒါကဘာလဲဆို တော့ နယ်စပ်က ရွှေပြန်ဝင်နေတဲ့ သဘောပေ့ါ။ ဒီမှာက ပြည်တွင်း သုံး ငွေကြေးက တန်ဖိုးကျနေပြီး ဒေါ်လာ က ပြန်ပြီးခိုင်မာလာတဲ့အတွက် ရွှေဈေး က ကျသင့်သလောက်ကို မကျတာပါ။ ဒါတောင် တစ်ရက်ကို လေးငါးထောင် လောက်ပြုတ်ကျနေတာ။ ကျပ်ခြောက် သိန်းခွဲလောက် ကိုရောက်သွားနိုင်တယ်" ဟု ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၂၄ ရက်နေ့က ၁၂၈၃ ဒေါ်လာရှိခဲ့သော် လည်း ဇွန်လ ၂၈ရက်နေ့တွင် ၁၂၀၄ ဒေါ်လာသို့ ပြုတ်ကျခဲ့သည်။မြန်မာ့ ရွှေဈေးသည်လည်း ဇွန်လ ၂၄ရက် နေ့တွင် ကျပ် ၆၉၄၀၀၀ ရှိ ခဲ့ရာမှ ဇွန်လ ၂၈ရက်နေ့တွင် ကျပ် ၆၆၈၀၀၀  အထိ ကျဆင်းခဲ့သည်။မယ်သီတာ