Main menu

Background

ဘိလပ်မြေဈေးနှုန်းများ(1-7-13)

Mon, 07/01/2013 - 12:57 -- ydnar

ရေကြောင်းလမ်းမှ ဘိလပ်မြေတန်ချိန်နှစ်သောင်းကျော်ဝင်
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်နေ့တာကာလအတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ ကန်ဒေါ်လာ တစ်ဆယ့်ခုနှစ်သိန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၀၃၆၃ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံ မှ ဘိလပ်မြေ ၈၈၈၈ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၁၁၄၇၅ တန်တင်သွင်းခဲ့တယ် လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်က တန်ချိန် ရှစ်ထောင်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်းနှစ်ထောင်ကျော် အဝင်ပိုခဲ့တယ် လို့ သိရပါတယ်။              MIRT (DOT)

ရာသီအေးအေးနဲ့ အရောင်းအဝယ်လည်းအေးနေခဲ့တဲ့ဘိလပ်မြေ
 
ဇွန်လ ၁၆ ရက်မှ ဇွန်လ ၂၂ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေတန် ချိန် နှစ်သောင်းကျော်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာ တော့ ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင် တန်ချိန် တစ်သောင်းနှစ်ထောင် ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်က ယခင်တစ် ပတ်မှာ တန်ချိန် ရှစ်ထောင်ကျော်ရှိခဲ့ပြီး ယခုတစ်ပတ်အဝင်မှာ တန်ချိန် ငါးထောင် ငါးရာကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်နှစ်ထောင့်ငါးရာကျော် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မှာ ရေလမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် အေးတယ်လို့ သိရပါတယ်။ မိုးများလာတာကြောင့် အရောင်းအဝယ်က ပါးလာ တယ်။ အရောင်းအဝယ်ပါးပေမဲ့ ဈေးကတော့ ငြိမ်နေသေးတယ်လို့ ဆိုပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက စိန်(ယိုးဒယား) ၈၃၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေက ၅၂၀၀ ကျပ်၊ ကျားခေါင်း ဘိလပ်မြေ က ၅၈၀၀ ကျပ်၊နဂါး ဘိလပ်မြေက ၆၄၀၀ ကျပ် အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်း အဝယ်အေးတယ်လို့သိရပါတယ်။ အရောင်းအဝယ်အေးတာက မရှိသလောက်ကို အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ ဒါကြောင့် လည်း ဈေးကအတက် အကျမရှိငြိမ်နေတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးက ယခင်တစ်ပတ်ဈေးအတိုင်း ဆင် (ထိုင်း) ဘိလပ်မြေ ၅၁၀၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၄၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၄၀၀ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့  သိရပါတယ်။ ဒီတစ်ပတ်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ ဈေးက ဒီတစ်ပတ်မှာကျလာတယ်လို့ဆိုပါတယ်။ ပြည်တွင်းဖြစ် အေသုံးလုံးဘိလပ်မြေ ကဈေးငြိမ်နေပေမဲ့ ကျန်မြေသြဇာဈေးက တစ်ရာဝန်းကျင်ဈေးကျလာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ အေသုံးလုံး ၅၇၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်) ၄၉၀၀ ကျပ်၊ကျားခေါင်း ၅၀၀၀ ကျပ်၊မြင်းခေါင်း ၅၀၀၀ကျပ်၊ဆင်(ထိုင်း) ၆၉၀၀ ကျပ်၊ စိန်(ထိုင်း)၆၉၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရားကြီးနားပွဲရုံတန်း ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေ ဒီတစ်ပတ်မှာ အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ မိုးကျပေမဲ့ဆောက်လုပ်ရေးလုပ်ငန်းများလည်း လုပ်နေဆဲရှိပါတယ်။ဒါပေမဲ့ ဈေးကအတက်အကျသိပ်မရှိဘူးလို့ ဆိုပါတယ်။ ဈေးကွက်ထဲ အထိုင်ဈေးနဲ့ အရောက်ဈေးသိပ်မကွာဘူးလို့ သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၅၇၅၀ ကျပ်၊ စိန်(ထိုင်း) ၅၆၅၀ ကျပ်၊ တီပီအိုင် ၅၄၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါတယ်။MIRT (DOT)