ဓာတ်မြေသြဇာဈေးနှုန်းများ (1-7-13)

မြေသြဇာတန်ချိန် ရှစ်ရာကျော်ဝင်
ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ကန်ဒေါ်လာ နှစ်သိန်း ငါးသောင်းကျော် တန်ဖိုးရှိ မြေသြဇာတန်ချိန် ၈၁၀ ကို ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ NPK  မြေသြဇာတန်ချိန် ၄၈၀၊ အစ္စရေးနိုင်ငံမှ NPK မြေသြဇာတန်ချိန် ၁၀၀၊ အမေရိကန် မှ သြဂဲနစ်မြေသြဇာ ၁၅ ဒသမ ၈၀ တန် အသီးသီးမှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်မြေသြဇာ အဝင်က တန်ချိန် တစ်သောင်းခြောက် ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ရှစ်ရာ့ရှစ် ဆယ်ကျော်အဝင် နည်းခဲ့ ပါတယ်။                                              MIRT (DOT)

 
ရာသီမိုးကောင်းနေသလို ဈေးကွက်အတွင်းသွက်လာခဲ့တဲ့ဓာတ်မြေသြဇာ
ပြည်တွင်းကို ဇွန်လ ၁၆ ရက်မှ ဇွန်လ ၂၂ ရက်အတွင်း ရေလမ်းမှ မြေသြဇာတန်ချိန် ရှစ်ရာတစ်ဆယ်ကျော်ဝင် ခဲ့တယ်လို့ သိရပါတယ်။ယခင်တစ်ပတ်ထက် ဒီတစ်ပတ်မှာ မြေသြဇာအဝင်လျော့ခဲ့တယ်လို့ ဆိုရပါ မယ်။နယ်စပ်လမ်းမှမြေသြဇာအဝင်က ဒီတစ်ပတ်မှာ တန်ချိန်တစ်သောင်း ခုနှစ်ထောင်ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်မှာ တန်ချိန်တစ်သောင်း ခြောက် ထောင်ကျော်ရှိတာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ကိုးရာခုနှစ်ဆယ်ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်နယ်စပ်လမ်းက အဝင်ပိုပေမဲ့ ရေလမ်းမှ မြေသြဇာအဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ တောင်ကြီး၊ မကွေး၊ ရန်ကုန်မှာ ဈေးငြိမ် နေပေမဲ့ မန္တလေး၊ မော်လမြိုင် မှာ ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။မိုးအရမ်းများလာတာကြောင့် ဒီတစ်ပတ် မှာ မြေသြဇာအရောင်း အဝယ် အေး လာတယ်လို့ို့ သိရပါတယ်။    မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ် မြေသြဇာအရောင်းအဝယ်  အေးလာ တယ်လို့သိရပါတယ်။ မိုးအရမ်းများလာတာကြောင့် တောင်သူတွေ လည်းမြေသြဇာ ကျွေးတာ နည်းလာတယ်။ အရောင်းအေးလာပေမဲ့ ကွန်ပေါင်း မြေသြဇာက ဒီတစ်ပတ်မှာ ဈေးမြင့်လာတယ်လို့သိရပါတယ်။ ဒီလိုဈေးမြင့်ရတာကလည်း မန္တလေး ဘက်ဈေးမြင့်ရတာကြောင့်လို့သိရပါတယ်။ ဈေးမြင့်တာကလည်း တစ်အိတ် ကို ငါးရာဝန်းကျင် သာ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးနှုန်းတွေမှာ  ပုလဲ-အသေး ၄၆% (ရွှေတုံး၊ရွှေပျား၊ ရွှေတောင် -တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၆၅၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) (ထိုင်း) ၃၁၅၀၀ ကျပ်၊ ကွန်ပေါင်း၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၁၅၀၀ ကျပ် ၊ တီစူပါ ၁၆% (မြှား ကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အ တွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန် ရှိတယ်လို့ သိရပါတယ်။ အရင်ကသီးစုံမြေသြဇာသာ အရောင်း အဝယ်ကောင်းပေမဲ့ ဒီတစ်ပတ်မှာတော့ မြေသြဇာမျိုးစုံပုံမှန်ရောင်းအားရှိ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ ဈေးကငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၅၀၀ ကျပ်၊ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)၁၉၅၀၀ ကျပ်၊ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၅၀၀ ကျပ်၊တီစူပါ ၁၂%(တရုတ်) ၈၀၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၈၅၀၀ ကျပ်၊တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၆၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၀၀၀ကျပ်၊ ဓါတ်ဆား(တရုတ်) ၁၄၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၅၀၀၀ကျပ်၊ ယူရီးယား(ယူအေအီး) ၁၈၅၀၀ ကျပ်၊ မြှားကမ္ဘာ ၁၄၀၀၀ ကျပ် ဈေးရှိတယ်လို့  အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်း သိရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာက အရင်တစ်ပတ်က အရောင်း သွက်သလို ဒီတစ်ပတ်မှာလည်း အရောင်းသွက်တယ်လို့ သိရပါ တယ်။ ဒီအချိန်က နှမ်း၊ပဲ စိုက်တဲ့အချိန်ဖြစ်တာကြောင့် အရောင်းသွက်တယ်။ အရောင်းသွက်ပေမဲ့ မြေသြဇာဈေးက အပြောင်းအလဲမရှိဘဲငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ မြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၅၁၅၀ ကျပ်၊ မြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အစိမ်း) ၁၅၂၀၀ ကျပ်၊ ဆင်(၁၀း၁၀း၅) ၁၅၀၀၀ ကျပ်၊ အာမို (၁၀း၁၀း၅) ၁၆၀၀၀ ကျပ်၊ အာမို (၁၅း၁၅း၁၅) ၃၅၀၀၀ ကျပ်၊ အာမို (၁၆း၁၆း၈) ၃၃၆၀၀ ကျပ်၊ ယူရီးယား- ပုလဲ(ပန်းဖူး-တရုတ်) ၂၀၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေ တောင်) ၂၀၅၀၀ ကျပ်၊ တီစူပါ (မြှားနီ-တရုတ်) ၂၁၀၀၀ ကျပ်၊ အောင်ကမ္ဘာ (၁၀း၁၀း၅) ၁၆၃၀၀ ကျပ်၊ ပိုတက် ၂၅၀၀၀ ကျပ်၊ တောင်သူမ ၁၅၇၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ရန်ကုန်ဈေးကွက်မှာ မြေသြဇာ က ဒီတစ်ပတ်မှာ အရောင်း ပုံမှန် ရှိတယ်လို့ မြေသြဇာရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။အရောင်းပုံမှန်ရှိပေမဲ့ ဈေးကအတက် အကျသိပ်မရှိဘူးလို့ သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးများမှာ ယူရီး ယား (နေရွက်လှေ-တရုတ်) ၁၈၈၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၀၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၀၂၀၀ ကျပ်၊ ပိုတက် (ထိုင်း) ၃၈၅၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၆၀၀၀ ကျပ် ၊ ကွန်ပေါင်း(၁၅း၁၅း၁၅) (ထိုင်း) ၄၀၀၀၀ ကျပ်၊ ကွန်ပေါင်း (၂၅းရး၇) ၃၇၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)