ဗီယက်နမ်မှမြန်မာသို့ ဓာတ်မြေသြဇာတိုးတက်တင်ပို့
နိုင်ငံတကာငွေပေးချေမှုစနစ် တိုးတက်လာခြင်းကြောင့် ဗီယက်နမ်မှမြန်မာနိုင်ငံသို့ ဓာတ်မြေသြဇာ တင်ပို့မှု သိသိသာသာတိုးတက်လာရန် အထောက်အကူပြုလျက်ရှိပါတယ်။
ဗီယက်နမ်နိုင်ငံ Dam Phu My Joint Stock ကုမ္ပဏီအထွေထွေဒါရိုက်တာ Cao Hoai Duong က မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးမြေများပြားတဲ့အတွက်နှစ်စဉ်ဓာတ်မြေသြဇာတန်ချိန် တစ်သန်းခွဲခန့် တင်သွင်းရန် လိုအပ်တယ်လို့ပြောကြားပါတယ်။ မြန်မာအစိုးရဟာ စိုက်ပျိုးရေးထွက်ကုန်များ အထွက် တိုးစေရေးအတွက် ရည်မှန်းလုပ်ဆောင်လျက်ရှိတာကြောင့် ဓာတ်မြေသြဇာများ ပြည်ပမှတင်သွင်းရန် ဆက်လက်လိုအပ် လျက်ရှိ နေပါတယ်။ ဗီယက်နမ်ဓာတ်မြေသြဇာတင်ပို့သူများဟာ ယခင်ကငွေပေးချေမှုပိုင်းမှာ အခက်အခဲနဲ့ရင်ဆိုင်ခဲ့ပြီး စင်္ကာပူ၊ ဟောင်ကောင်စတဲ့ တတိယနိုင်ငံများကတစ်ဆင့် ငွေလွှဲလုပ်ဆောင်ခဲ့ရပါတယ်။ ယခုအခါ ဗီယက်နမ်ပို့ကုန်ဆောင်ရွက်သူများအနေနဲ့ ၎င်း ရဲ့ကုန်သွယ်ဖက်နဲ့တိုက်ရိုက် နိုင်ငံ တကာ ငွေလွှဲကို ဆောင်ရွက်ခွင့်ရရှိနေပြီဖြစ်ကြောင်း Duong ကပြောပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း ဗီယက်နမ်နိုင်ငံရဲ့ ဓာတ်မြေသြဇာထုတ်လုပ်နိုင်မှုမှာ နှစ်စဉ်ပျမ်းမျှထွက်ရှိတဲ့ တန်ချိန် ၂ ဒသမ ၃ သန်းကို ပြည့်မီနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ပြည်တွင်းလိုအပ်ချက်ဟာတန်ချိန် ၃သိန်းသာရှိတဲ့ အတွက်ပြည်ပသို့တင်ပို့နိုင်ခြင်းဖြစ်ပြီးမြန်မာနိုင်ငံသို့ဈေးကွက်တိုးချဲ့တင်ပို့နေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံသို့ ဓာတ်မြေသြဇာတင်သွင်းရာမှာ လွယ်ကူချောမွေ့စေရေးအတွက် Dam Phy My ကုမ္ပဏီက မြန်မာနိုင်ငံ အတွင်းကိုယ်စားလှယ်ရုံးဖွင့်ခွင့်နဲ့ကြော်ငြာခွင့်တို့ခွင့်ပြုပေးလိုက်ပြီလို့အွန်လိုင်းသတင်းမှာဖော်ပြထားပါတယ်။ Dam Phy My ကုမ္ပဏီသည် ယခုနှစ်ဆန်းပိုင်းကစပြီး ဓာတ်မြေသြဇာတန်ချိန် ၄၃၈၀၀၀ ဝန်းကျင်ထုတ်လုပ် ထားပြီးဖြစ်ရာ ၂၀၁၃ သီးနှံရာသီအတွက် ပြည်တွင်းလိုအပ်ချက် ကိုပြည့်မီ ကျော်လွန် နေပြီဖြစ်တယ်လို့ အထွေထွေဒါရိုက်တာက ပြောကြားခဲ့ပါတယ်။CMK
