Main menu

Background

ဈေးဆက်လက် မာနေဦးမယ့် မုံရွာ ဆီထွက် သီးနှံဈေးကွက်

Mon, 07/01/2013 - 13:23 -- ydnar

 
ဇွန်လကုန်ပတ် မုံရွာဆီထွက်သီးနှံ ဈေးကွက်မှာနှမ်းနဲ့မြေပဲကုန်သည် လက် ကျန်နည်းပြီး၊ နယ်အဝင်လျော့နေ တာနဲ့အမျှ ဝယ်လိုအားကောင်းမွန်နေ တာမို့ တက်ဈေးအသီးသီးဖြစ်ပေါ်ခဲ့ပါ တယ်။ ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆီ ထွက်သီးနှံများရဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး ပေါက်ဈေးများကို လေ့လာတဲ့အခါ မြေပဲဆန်ဈေးကွက်မှာ

မြေပဲဆန်နီ တစ်ပိဿာ ၁၆၈၀ ကျပ်မှ၁၈၅၀ ကျပ်၊ မြေပဲဆန်ဖြူတစ်ပိဿာ ၁၇၁၅ ကျပ်မှ ၂၀၀၀ ကျပ်၊ မြေပဲလုံးဆန်တစ်တင်း ၂၈၀၀၀ ကျပ်မှ ၃၂၀၀၀ ကျပ်တက်ဈေး ဖြစ်ခဲ့ကာ လုံးဆန်ကိုတော့ တရုတ် ဝယ်လက်အဝယ်ရှိပြီး၊ တစ်ရက်အိတ် ၁၅၀ မှ ၂၀၀ ကြား အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နှမ်းဈေးကွက်မှာလည်း ဇွန်လကုန် ပတ်ထိ နွေနှမ်း အဝင်မလှိုင်သေးဘဲ ဒေသစက်သမားတွေနဲ့အပြိုင် တရုတ် အဆွဲရှိလို့ တက်ဈေးအသီးသီးဖြစ်ပေါ် ခဲ့ပါတယ်။ ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး ဈေးတွေကို နှိုင်း ယှဉ်ရရင် နှမ်းညို တစ်တင်း ၃၅၅၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်၊ နှမ်းဝါတစ်တင်း ၃၇၀၀၀ ကျပ် - ၃၈၀၀၀ ကျပ်၊ နှမ်းဝါ (ယော) တစ်တင်း ၃၉၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်နဲ့ နှမ်းဖြူတစ်တင်း ၄၁၅၀၀ ကျပ် - ၄၃၀၀၀ ကျပ်မှ ၄၂၅၀၀ ကျပ် - ၄၄၀၀၀ ကျပ်ဈေး အသီးသီး ဈေးမာနေတာ တွေ့ရပါ တယ်။ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ ဇွန်လ လကုန်ပတ်အတွင်း နှမ်းဟောင်း လက်ကျန်ကုန်သလောက်ဖြစ်ခဲ့ပြီး၊ နှမ်း သစ်စတင် ဝင်ရောက်လာပြီး ဝင်တဲ့ ပမာဏအတိုင်း နေ့စဉ် အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စားဆီဈေးကွက်မှာတော့ ပဲဆီ ဟာ တစ်ပိဿာ ၃၃၅၀ ကျပ်မှ ၃၃၀၀ ကျပ်ကို ပြန်အေးသွားပေမယ့် နှမ်းဆီ မှာ တစ်ပိဿာ ၄၃၀၀ ကျပ် - ၄၄၀၀ ကျပ်ကို ပြန်မာလာတာ တွေ့ရပါတယ်။ စားအုန်းဆီဈေးလည်း ငွေဈေး တက်လို့ ရန်ကုန်ဈေးနဲ့ ညှိရောင်းရတဲ့အတွက် တစ်ပိဿာ ၁၆၅၀ ကျပ်ကနေ ၁၇၁၀ ကျပ်ထိ တက်ဈေးဖြစ်ပေါ်ခဲ့ ပါတယ်။ ဒေသတွင်း သီးသန့်ရွေးချယ်စားသုံးသူ တွေအတွက် နေကြာဆီ(ဆုံဆီ)ဟာ တစ်ပိဿာ ၃၀၀၀ ကျပ်မှာ ဈေးငြိမ်နေ ပြီး၊ ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ် လို့ စားဆီရပ်ကွက်က လေ့လာသိရှိရပါ တယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ ဆီထွက်သီးနှံ လက်ကျန်နဲ့အသစ်ဝင်ရောက်တဲ့ မြေပဲနဲ့ နှမ်းများအဝင်လျော့လာနိုင်တဲ့ အတွက် ဆီထွက်သီးနှံ ဈေးဟာ ဆက် လက်မာနိုင်ဖွယ်ရှိတယ်လို့ လေ့လာ ခန့် မှန်း သိရှိရပါတယ်။ထွန်းလှိုင် - မုံရွာ