Main menu

Background

မူဆယ်စခန်းမှ နှမ်းပိုမိုတင်ပို့

Mon, 07/01/2013 - 13:25 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇွန်လ ၁၉ ရက်မှ၂၅ရက် အတွင်းကန်ဒေါ်လာ၂ ဒသမ ၅၁၃သန်းတန်ဖိုးရှိတဲ့ နှမ်း ရောင်စုံ ၁၄၅၇ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံ တွေကတော့ နှမ်းဖြူ ၉၁၉ တန်ကျော်၊ နှမ်းနက် ၂၉၈ တန်နီးပါးနဲ့ နှမ်းညို ၂၄၀ တန်ခန့်တင်ပို့နိုင်ခဲ့လို့ ယခင်အပတ်ထက်ပိုမိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။

ယခင် အပတ်က နှမ်းဖြူ ၆၂၅ တန်၊ နှမ်းနက် ၂၄၈ တန်နဲ့ နှမ်းညို ၁၃၉ တန်သာတင်ပို့ခဲ့ တာမို့ယခုအပတ် နှမ်းတင်ပို့မှုမှာ တန် ၄၀၀ ကျော်ပိုမိုတင်ပို့လာနိုင်ပါတယ်။ နှစ် ဖက် နိုင်ငံရဲ့နှမ်းဈေးတွေ ကိုကြည့်မယ်ဆိုလျှင်လည်း မိမိဘက်ရော၊ တစ်ဖက်နိုင် ငံ ဈေးပါမြင့်တက်နေတာကို တွေ့ရပါတယ်။ မန္တလေး-မူဆယ် သယ်ယူခ နှုန်းထား ကတော့ နှမ်း တစ်ပိဿာကို ၅၂ ကျပ်ဖြစ်တယ်လို့သိရပါတယ်-
 
မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု          ယခင်       ပြောင်းလဲမှု    %    ယခု     ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ    ၁၆၁၇၉၈၄    ၁၅၂၅၄၄၆      ၉၂၅၃၈         ၆    ၁၆၃၉    ၁၅၉၅           ၄၄          ၃နှမ်းနက်  ၁၇၇၉၂၇၄    ၁၆၈၀၆၀၅      ၉၈၆၆၉         ၆    ၁၈၀၂    ၁၇၅၉            ၄           ၃MIRT (DCCA)