Main menu

Background

ဝမ်းတွင်းရေသွင်းနှမ်းများ ဇူလိုင်လမှာ ဈေးကွက်ဝင်တော့မယ်

Mon, 07/01/2013 - 13:26 -- ydnar

ဝမ်းတွင်းမြို့နယ်မှာ ဧပြီလက ရေသွင်းနှမ်းဧက ၁၀၀၀ ကျော် စိုက် ပျိုးခဲ့ပါတယ်။ ရေသွင်းနှမ်းဖြစ်တဲ့အတွက် အပင်ဖြစ်ထွန်းမှုအတွက် ရေအလုံ အလောက်ရှိတဲ့အပြင် မေလအတွင်းက မိုးများရွာသွန်းခဲ့တာကြောင့် အပင်များ အောင်မြင်ဖြစ် ထွန်းမှု ပိုမိုကောင်းမွန်တယ်လို့ နှမ်းစိုက် တောင်သူများက ဆိုပါတယ်။ အခုဆိုရင် နှမ်းများ စတင် ရိတ်သိမ်းနေပြီဖြစ်လို့ နှမ်းရိတ်သိမ်းစကာလ အဖွင့် ဈေးမှာတစ်တင်း ၃၅၀၀၀ ကျပ်ဖြစ်ပြီး၊ ယခင် နှစ်ရေသွင်းနှမ်း ပေါ်ကာစ ကာလ ပေါက်ဈေးမှာ ၂၄၀၀၀ ကျပ်ဖြစ်လို့ ဒီနှစ် နှမ်းအဖွင့်ေ ဈးကောင်းတယ် လို့ ပြောရမှာ ဖြစ်ပါတယ်။ ဇူလိုင်လဆန်းရောက်ရင် ဝမ်းတွင်းနွေနှမ်းတွေ ဈေးကွက်ထဲကို ဝင် လာတော့ မှာ ဖြစ်ပါတယ်။ ခင်စန်းမြင့်-ဝမ်းတွင်း