Main menu

Background

ပဲပုပ်ဆီရောင်းလိုအား မြင့်တက်မှုကြောင့် စားအုန်းဆီဈေးကျဆင်း

Mon, 07/01/2013 - 13:39 -- ydnar

ပဲပုပ်ဆီရောင်းလိုအားမြင့်တက်မှုကြောင့် စားအုန်းဆီဝယ်လိုအား ကျဆင်းနိုင် မဲ့ လက္ခဏာရှိတဲ့အတွက် စားအုန်းဆီဈေးနှုန်းက တစ်လကျော်အတွင်း ဒုတိယ မြောက်နေ့အဖြစ် အနည်းဆုံးဈေးသို့ကျဆင်းခဲ့ကြောင်း ဘလွမ်းဘတ်သတင်းမှာ ဖော်ပြထားပါတယ်။

ဘာဆာမလေးရှားအဝယ်ဒိုင်မှာ စက်တင်ဘာလအတွက် ကြိုရောင်းကြိုဝယ် ဈေးက ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး၊ မက်ထရစ်တစ်တန်ကို ၂၃၄၇ ရင်းဂစ် (၇၃၉ ဒေါ်လာ)နှုန်းထိ ဖြစ်ခဲ့ပါတယ်။ဒီဈေးနှုန်းက မေ ၂၃ ရက်နောက်ပိုင်း ကြို ရောင်းဈေးတွေမှာ အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။ ကွာလာလမ်ပူမှာ ဇွန် ၂၆ ရက် ညနေ ၅ နာရီကတစ်တန်ကို ၂၃၅၃ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်မှာ ဇူလိုင် အတွက်ဈေးနှုန်းက ၂၃၇၅ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ နေကြာစေ့ဆီနဲ့ ပဲပုပ်ဆီ အထွက်နှုန်းအတက်မှာ ဇီဝဒီဇယ်ဆီဝယ်လိုအား ကျဆင်းမှုနဲ့ပေါင်းမိတာကြောင့် ကမ္ဘာ့ဟင်းရွက်ဆီနဲ့ တိရစ္ဆာန်ဆီရဲ့ထုတ်လုပ်မှုက ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ဝယ်လိုအားကိုကျော်လွန်သွားနိုင်ကြောင်း၊ စက်မှုလုပ်ငန်း သုတေသနအဖွဲ့ Oil World က ဇွန် ၂၅ ရက်မှာပြောပါတယ်။ ဆီနဲ့တိရစ္ဆာန်ဆီ ၁၇ မျိုးရဲ့၂၀၁၄ ခု စက်တင်ဘာအထိ ထုတ်လုပ်မှုက တန် ၁၉၃ ဒသမ ၈ သန်းထိ ရှိမယ်လို့ခန့်မှန်းထားပါတယ်။ ၂၀၁၂-၁၃ ခုနှစ်ကရှိမဲ့ တန် ၁၈၇ ဒသမ ၃ သန်းကနေ တိုးမြှင့်ခန့်မှန်းထားတာဖြစ်ပါတယ်။ "တောင်အမေရိကရဲ့ ပဲပုပ်ထုတ်လုပ်မှုက အတော်ကလေးကောင်းခဲ့ပါတယ်။ ပဲပုပ်ဆီ တောင်အမေရိက ကထွက်လာတာနဲ့ တစ်ပြိုင်နက် စားအုန်းဆီနဲ့ အပြိုင် ဖြစ်တော့မှာပါ"လို့ ကွာလာလမ်ပူရှိ  RHB Investment Bank Bhd မှ အနာဂတ်ကုန်စည်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒွန်နီခေါက ပြောပါတယ်။ ချီကာကိုကုန်သွယ်မှုဘုတ်အဖွဲ့မှာ ပဲပုပ်ဆီ ဒီဇင်ဘာကြိုပွိုင့်ဈေးက ဇွန် ၂၆ ရက်မှာ ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ၂၇ ရက်မှာ သုညဒသမ ၃ ရာခိုင် နှုန်းမြင့်တက်ပြီးတစ်ပေါင်ကို ၄၅ ဒသမ ၆၁ ဆင့်နှုန်းရှိခဲ့ပါတယ်။ ပဲပုပ်စေ့နဲ့ နိုဝင်ဘာ ကြိုရောင်းဈေးက တစ်ဘူရှယ်ကို သုညဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး ၁၂ ဒသမ ၇၈၇၅ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ တရုတ်ဒါလီယံကုန်စည်ဒိုင်မှာ စားအုန်းဆီသန့်ရဲ့ ဇန်နဝါရီကြိုပွိုင့်ဈေးက သုညဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ၅၈၂၈ ယွမ် (၉၄၈ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာနောက်ပိုင်း အနိမ့်ဆုံးဈေးဖြစ်ပါတယ်။ ပဲပုပ်ဆီဈေးက သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၇၃၀၂ ယွမ်နှုန်း ရှိခဲ့ပါတယ်။                                                    ဉာဏ်တင်