ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီအရောင်းအဝယ်ပါးလို့ ဈေးကျ
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိန္ဒိယ ဝယ်လက်တွေက အဝယ်ပါးလို့ ယခင်အပတ်နဲ့စာ ရင် ဈေးကျလာ ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။ ဒီတစ်ပတ်မှာ ဒေါ်လာငွေ လဲနှုန်းမြင့်တက်လာပေမယ့် မတ်ပဲကို အိန္ဒိယအဆွဲအေးလို့ ဈေးတွေ ကျလာပြီး အရောင်းအဝယ်လည်းပါးခဲ့တယ်လို့ သိရပါတယ်။ အ ရောင်းအဝယ်အနေနဲ့ မတ်ပဲ (RC) တစ်တန်ကို အနိမ့်ဆုံး ၅၁၈၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၂၉၅၀၀ ကျပ်အတွင်းတန် ၁၂၀၀ ခန့်သာဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC) ကိုလည်း ပြည်ပ အဆွဲအေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၂၂၀၀၀ ကျပ်ခန့်ဈေးကျသွားတယ်လို့ သိရပါတယ်။ ဒေါ်လာငွေလဲနှုန်းတက် လာပေမယ့် ပြည်ပအဆွဲအေးတာကြောင့် ဈေးတွေဆက်တိုက်ကျ နေတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေ နဲ့ တစ်တန်ကို အနိမ့်ဆုံး ၆၀၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၃၀၀၀၀ ကျပ်အတွင်း တန် ၃၀၀ ခန့်သာဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။
