ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ (၁-၇-၂၀၁၃)
* မတ်ပဲကို အိန္ဒိယအဆွဲအေးတာကြောင့် ဘုရင့်နောင်၊ ပြည်၊ မန္တလေးနဲ့ ဟင်္သာတမှာ ဈေးကျလာ * ပဲစင်းငုံနီကို ပြည်ပအဆွဲအေးတာကြောင့် ပြည်တွင်းဈေးကွက် အသီးသီးမှာ ဈေးကျလာပြီး အရောင်းအဝယ်ဖြစ်မှုလည်းနည်း * ပဲတီစိမ်းက ပြည်တွင်းဈေးကွက်အသီးသီးသို့ ဝင်ရောက်မှုပုံမှန် ရှိသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိလို့ မန္တလေးနဲ့ မုံရွာမှာ ဈေးမြင့်ပြီး ပခုက္ကူမှာ ဈေးတန့် * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကိုပြည်ပအဆွဲမသွက်သေးသလို ပဲခွဲစက်တွေကလည်း အဝယ်ပါးလို့ မန္တလေးနဲ့ မုံရွာမှာ ဈေးကျလာ * ပြောင်းကို တရုတ်အဆွဲသွက်လို့ တောင်ကြီး၊ မန္တလေးနဲ့ လားရှိုးမှာ ဈေးမြောက်လာ
