မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီအရောင်းအဝယ်အေးလို့ ဈေးဆင်းလာ
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်အဆွဲ အေးတာကြောင့် ဈေးကွက်မှာ အရောင်းရော၊ အဝယ်ပါအေးသွား တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
