Main menu

Background

အကောက်ခွန်မဲ့တင်သွင်းသယ်ဆောင်လာတဲ့ ပိုးသတ်ဆေးနဲ့ရွက်ဖြန်းအားတိုးဆေးများ

Mon, 07/01/2013 - 14:34 -- ydnar

ဇွန်လ ၁၀ ရက်နေ့ ၁၃း၂၀ ချိန် ခန့်မှာ မူဆယ်မှမန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှာသွားလာနေတဲ့ယာဉ်များ ကို လရ-၁ အဖွဲ့က နောင်ချို Asia World Gate အနီး စစ်ဆေးမှုပြုလုပ်နေ စဉ် ယာဉ်အမှတ် ၄က/xxxx  အားရပ် တန့်စစ်ဆေးမှုပြုခဲ့ရာမှာ တရုတ်နိုင်ငံ လုပ် အကောက်ခွန်မဲ့တင်သွင်းလာတဲ့ ပိုးသတ်ဆေး (ဘူးသေး) ၁၀ ဖာနဲ့ ရွက်ဖြန်းအားတိုးဆေး (ဘူးကြီး) ၁၀ ဖာကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါ တယ်။

ဇွန်လ ၁၇ ရက်နေ့ ၁၃း၃၀ ချိန် ခန့်ကလည်း Light Truck ယာဉ် ၈ဇ/xxxx အား တားဆီးစစ်ဆေးရာမှာ အကောက်ခွန်မဲ့တရုတ်နိုင်ငံလုပ်ပိုးသတ် ဆေး (၁၀၈) ဖာကို စစ်ဆေးတွေ့ရှိခဲ့ ပါတယ်။ စစ်ဆေး တွေ့ရှိခဲ့ရတဲ့ အကောက်ခွန်မဲ့ ပိုးသတ်ဆေးများနဲ့ ရွက်ဖြန်းအားတိုးဆေးများကို လုပ်ထုံး လုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲ များ ဖွင့်လှစ်အရေးယူရန် လရ-၁ အဖွဲ့ မှဆုံးဖြတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။Source:  လရ (၁ ) MTN