မိုးဦးကျလာပြီဆိုရင် ကိုသာအေး တစ်ယောက် ပေါက်ပြား တစ်လက်ကိုင် ပြီးထွန်တုံးမဝင်ခင်ကန်သင်းပြင်ဖို့ လယ် ဆင်းရတာမရိုးနိုင်တဲ့နှစ်စဉ်အလုပ် တစ်ခုပါ။ဒီလိုမှမလုပ်ရင်လည်းသာအေး တို့လယ်ကကုန်းဆန်ပြီးနံဘေး ကချောင်း ချောက် ၂ ခုခံနေတဲ့ "ကန်သင်းမပြင်-ရေမတင်"ဒေသအခေါ် "လိပ်ကုန်း" လိုလယ်မျိုးဖြစ်ပြီး မိုးများလို့ အောက် ရေထောက်လာပြန်ရင်လည်းချောင်းရေ လျှံ ရေမြှုပ်တတ်တာကြောင့် အထူးဂရု ပြုပြီး ရေ အဝင်၊ ရေအထွက်နဲ့ကန်သင်း လုံအောင်ပြင်ရတာကိုက စပါးအောင်နိုင် ရေးရဲ့လုပ်ငန်းအစဖြစ် သလိုကိုသာအေး တို့ မိသားစုဘဝဆိုရင်လည်းမမှားပါဘူး။
ဒါတောင်မနှစ်ကစပါးမောင်းညို ဝင်စမှာ နယ်ကအမျိုးအဆွေတွေရဲ့ အရေးကြီးကိစ္စရပ်တွေပေါ်လို့ကိုသာအေး တို့မိသားစု လယ်ယာကိုချန်ပြီး ခရီးခဏ သွားလိုက်ရတာ ပြန်ရောက်တော့ လယ်မြေမှာအောက်ရေကမကျန်တော့ တာမို့ ကပျာကရာနဲ့ ကန်သင်းယိုပေါက် တွေကို အမြန်ရှာ ပိတ်ဆို့လိုက်ရပေမဲ့ ဘေးနားကချောင်းရေ ကလည်း ရွှံ့နွံကို နမ်းရှုံ့ရုံလောက် လက်ကျန်ဖြစ်နေတာ ကြောင့်ရှိတဲ့အားလေးနဲ့ ကူဘိုတာ တစ်လုံးငှားပြီး ရေတင်လိုက် ရပါတယ်။ မီလောက်မဲ့အချိန်လေးနဲ့ လက် ကျန်ရေလေးကို အားကိုးပြီးသာ တင်ရ တယ်။ ဒီဇယ်တစ်ဂါလန် ၄၀၀၀ိ/- ကျပ်နှုန်းနဲ့မောင်းနှင်တဲ့ကူဘိုတာ ရေစုပ် စက်သံကြားရတာစပါးအထွက်နဲ့တောင် ကာပါ့မလားလို့တွေးပူနေရတဲ့ ကိုသာအေး ရဲ့ရင်မှာမိသားစုရဲ့စားဝတ်နေရေးအတွက် ချိန်ဆရင်း ရတက်မအေးစရာ ဖြစ် နေခဲ့ရတာလည်း အမှန်ပါပဲ။ ဒါတောင် ရလိုက်တဲ့စပါးကအဖျင်းအမှော်တွေများ ပြီးအရင်းကျေရုံလေးနဲ့ ဖြေသိမ့်လိုက် ရပေမယ့်အလ ဟဿ ယိုစိမ့်သွားတဲ့ရေ တစ်စက်ရဲ့တန်ဖိုးကိုတော့ ကိုသာအေး ဘဝနဲ့ရင်းပြီး နားလည်လိုက်ရပါ တယ်။ ဒါ့ကြောင့် တစ်ခဏတာခရီးသွား လိုက်ရတဲ့ နယ်စပ်ကတူတော်မောင် ရှိရာကို ပြောပြတဲ့အခါ တူတော်မောင် ကဦးလေးလည်း "လယ်မှာ ကန်သင်း တွေ မလုံအောင်ရေမမီလို့ စပါးအထွက် တွေကျခဲ့သလိုနယ်စပ်မှာလည်း ယိုစိမ့် မှုတွေက နည်းလမ်းစုံပြီးရှုပ်ထွေးလွန်း တာကြောင့် တာဝန်ကျရာ တရားမ ဝင် ကုန်သွယ်မှု တားဆီးရေး မှာလည်း အထူးဂရုပြုဆောင်ရွက် နေရကြောင်းနဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်ရဲ့အနီးတစ်ဝိုက်မှာ ဧပြီလ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ ၂ လတာကာလ အတွင်း မှာတင်ယိုစိမ့်တားဆီးရမိ အကောက်ခွန် မဲ့ ကုန်ပစ္စည်းတန်ဖိုးက ကျပ် ၆၄၇ သန်းကျော်ရှိပြီး လက်လှမ်းမမီမကာမိ/ မတားမိနိုင်တာတွေ လည်းအများ ကြီးရှိနိုင်တယ် "လို့ကြားလိုက်ရပြန် တော့ ကိုသာအေးတစ်ယောက် မိမိရဲ့ ကြုံတွေ့ရတဲ့ ဘဝလေးနဲ့ နှိုင်းယှဉ်ရင်း တစ်နိုင်ငံလုံးမှာလည်း " စိမ့်ထွက်နေ တဲ့ယိုပေါက် "တွေကို အမျိုးသားရေး တာဝန်အသိနဲ့အချိန်မီအားလုံးပူးပေါင်း တားဆီးကာကွယ်ရအောင် အကောင်း ဆုံးဘယ်လိုကြံဆောင်ရင်ကောင်းမလည်း လို့ရွာနေဆဲမိုးရေထဲမှာ ကန်သင်းပြင် ရင်း တွေးဆနေမိပါတော့တယ်။UND (မူဆယ်)