Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Mon, 07/01/2013 - 15:23 -- ydnar

အမေရိကန်ပြည်ထောင်စုရဲ့ ပထမသုံးလပတ်စီးပွားရေးဖွံ့ဖြိုးမှုက စောစောပိုင်းခန့်မှန်းချက်တွေအောက် ကျဆင်းခဲ့ပြီးနောက်ပိုင်းရရန်ပိုင်ခွင့်စာချုပ် စာတမ်းတွေဝယ်တာကို အမေရိကန် ဗဟိုဘဏ်က ထိန်းထိန်း သိမ်းသိမ်းလုပ် တော့မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါကြောင့် ရက်သတ္တပတ်နှစ်ပတ်ကျ ဆင်းတာ အကျရပ်ပြီး အာရှငွေကြေး တွေ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။

 
အမေရိကန်စီးပွားရေးက ယခုနှစ် ပထမသုံးလမှာ ၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကို ဇွန် ၂၆ ရက် ထုတ် ပြန်ချက်အရ တွေ့ရတဲ့အတွက် မူလ ခန့်မှန်းချက်ဖြစ်တဲ့ ၂ ဒသမ ၄ ရာခိုင် နှုန်းအောက်ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ယခုရက်သတ္တပတ်ထဲမှာ ရူပီးတန်ဖိုး ကလည်း စံချိန်တင်ကျဆင်းသလို ဗီယက်နမ်ကလည်း ၂၀၁၁ ခုနှစ်နောက် ပိုင်းပထမဆုံးအကြိမ်အဖြစ် ငွေကြေး တန်ဖိုးချခဲ့ပါတယ်။ အမေရိကန်ဗဟိုဘဏ်က ဘဏ် အတွက်အသုံးစရိတ်ကို ထိန်းထားနိုင်ဖို့ နဲ့ ဖွံ့ဖြိုးနှုန်းကို မြှင့်တင်ပေးနိုင်ဖို့ ဘွန်း စာချုပ်တွေကို လစဉ်ဒေါ်လာ ၈၅ ဘီလီယံဖိုးဝယ်ခဲ့ပါတယ်။စီးပွားရေး ကခန့်မှန်းထားသလိုဖြစ်လာ ရင် ငွေ ကြေး တွန်းအားပေးအစီအစဉ်ကိုယခု နှစ်ထဲမှာ လျှော့ချသွားပြီး ၂၀၁၄ ခုနှစ် မှာအပြီးသတ် ဆောင်ရွက်သွားမယ်လို့ ဗဟို ဘဏ်ဥက္ကဋ္ဌက ဇွန် ၁၉ ရက်က ပြောခဲ့ပါတယ်။
တရုတ်ယွမ် ဆယ်စုနှစ်အတွင်းမှာ ငွေကြေး တင်းကျပ်မှုကို အပြင်းထန်ဆုံးဆောင် ရွက်တာကို စိုးရိမ်မှုတွေရှိခဲ့တဲ့အတွက် တရုတ်ယွမ်ငွေတန်ဖိုးက ယခုနှစ် အတွင်းမှာ ရက်သတ္တပတ်အလိုက် အများဆုံးကျဆင်းဖို့ ဦးတည်နေပါ တယ်။ ဘဏ္ဍာငွေထောက်ပံ့မှုအကျပ် အတည်းက ကြွေးဆုံးတွေများလာနိုင်မဲ့ အခြေအနေဖြစ်လာဖို့ ခြိမ်းခြောက် မှု တွေရှိနေတဲ့အတွက် တရုတ်ဘဏ်တွေ အတွက် ချေးငွေကုန်ကျစရိတ်တွေ က ခြောက်နှစ်အတွင်းအမြင့်ဆုံး ကို ရောက် ခဲ့ပါတယ်။ ယွမ်ငွေတန်ဖိုးက ယခုရက်သတ္တ ပတ် အတွင်းရှန်ဟဲမှာ သုည ဒသမ ၁၈ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၁၄၅၀ ယွမ်နှုန်းရှိခဲ့ပါတယ်။
အိန္ဒိယရူပီး ရူပီးငွေကြေးတန်ဖိုးက ယခုရက် သတ္တပတ်အတွင်းမှာ ၁ ရာခိုင်နှုန်း ကျဆင်းပြီးယခုလမှာ ၆ဒသမ၁ ရာခိုင် နှုန်းကျဆင်းခဲ့ပါတယ်။ဘလွမ်းဘတ်က စစ်တမ်းကောက်ထားတဲ့ နိုင်ငံ ၇၈ နိုင်ငံ က ငွေကြေးတွေထဲမှာ ကျဆင်းမှု အများဆုံးဖြစ်ပါတယ်။ကမ္ဘာ့ရင်းနှီး မြှုပ် နှံသူများက ယခုရက်သတ္တပတ်အတွင်း ရင်းနှီးငွေစု စုပေါင်းဒေါ် လာ ၁ ဒသမ ၆ ဘီလီယံဖိုးထုတ်ယူခဲ့ကြောင်း ကုန်စည်ဒိုင်စာရင်းများက ပြသလျက် ရှိသည်။ဒါပေမဲ့ ဇွန် ၂၈ ရက် သောကြာ နေ့မှာတော့ ရူပီးငွေတန်ဖိုးက တစ်ဒေါ်လာကို၆၀ရူပီးအောက်ရောက်ရှိ ပြီး တန်ဖိုးပြန်လည်မြင့် တက်ခဲ့ပါတယ်။ ရူပီးတန်ဖိုးက ဇွန် ၂၇ ရက်ဈေးပိတ် ချိန်က တစ်ဒေါ်လာကို ၆၀ ဒသမ ၁၉ ရူပီးနှုန်းကနေ ၂၈ ရက်မှာ တစ် ဒေါ်လာကို ၅၉ ဒသမ ၉၁ ရူပီးနှုန်းထိ တန်ဖိုးပြန်တက်လာပါတယ်။
ဂျပန်ယန်း အမေရိကန်စီးပွားရေးနာလန်ထူ နေတာက တခြားငွေကြေးတွေနဲ့ ဖလှယ်တဲ့အခါ ဒေါ်လာတန်ဖိုးမြင့် တက်စေခဲ့ပေမဲ့ ဥရောပရဲ့စီးပွားရေး ညွှန်ကိန်းတွေကလည်း တိုးတက်လာတဲ့ အတွက် ဇွန် ၂၇ ရက်မှ ယူရိုတန်ဖိုးက ဒေါ်လာနဲ့ဖလှယ်ရာမှာ မြင့်တက်ခဲ့ပါ တယ်။ ယူရို^ဒေါ်လာဖလှယ်နှုန်းက ဇွန် ၂၆ ရက်မှာ တစ်ယူရို ကို ၁ ဒသမ ၃၀၁၂ ဒေါ်လာနှုန်းရှိခဲ့ရာမှ ၂၇ ရက် ဂရင်းနစ်စံတော်ချိန် ၂၂ နာရီမှာ တစ် ယူရိုကို ၁ ဒသမ ၃၀၃၅ ဒေါ်လာနှုန်း ဖြစ်ခဲ့ပါတယ်။ ဂျပန်ယန်းငွေတန်ဖိုးက တစ်ယူရိုကို ၁၂၇ ဒသမ ၁၉ ယန်းမှ ၁၂၈ ဒသမ ၄၀ ယန်းသို့လည်းကောင်း၊ ဒေါ်လာနဲ့ဖလှယ်ရာမှာ ၉၇ ဒသမ ၇၁ ယန်းမှ ၉၈ ဒသမ ၄၃ ယန်းသို့လည်း ကောင်းပြောင်းလဲခဲ့ပါတယ်။
မလေးရှားရင်းဂစ် ဇွန် ၂၇ ရက်က အမြတ်နဲ့ပြန် ထုတ်ရောင်းလာတဲ့အတွက် ရင်းဂစ် တန်ဖိုးက ဇွန် ၂၈ ရက် မနက်ဈေးကွက် မှာ ပြန်လည်ကျဆင်းခဲ့ပါကြောင်း ဝယ် ရောင်းသမားတွေက ပြောပါတယ်။ ရင်းဂစ်တန်ဖိုးက ဇွန် ၂၇ ရက် ညနေ ၅ နာရီမှာ တစ်ဒေါ်လာကို ၃ ဒသမ ၁၇၆၀ ရင်းဂစ်နှုန်းမှ ၂၈ ရက်မနက် ၉ နာရီ ၁၀ မိနစ်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၁၈၁၀ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုးက ဒေသတွင်းငွေကြေး တွေဖြစ်တဲ့ စင်ကာပူဒေါ်လာ နဲ့ယန်းငွေ တွေနဲ့ဖလှယ်ရာမှာလည်း တန်ဖိုးကျ ဆင်းခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် ဘဏ္ဍာရေးဈေးကွက်တွေ တည် ငြိမ်အောင်လုပ်ဖို့နဲ့ အမေရိကန်ရဲ့ ငွေ ကြေးမူဝါဒတွန်းအားပေးအစီအစဉ်တွေ မပြီးသေးတာအပါအဝင်ခြိမ်းခြောက်မှု အန္တရာယ်တွေကို စီမံကွပ်ကဲနိုင်ဖို့ အတွက် အစိုးရကရပ်တည်ဖြေရှင်းပေး သွားဖို့အသင့်ရှိကြောင်းတောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ဟွန်အိုဆုတ်က ဇွန် ၂၅ ရက်မှာပြောခဲ့ပြီးနောက်ပိုင်း ဝမ်ငွေကြေးတန်ဖိုးက လေးရက်မြောက် အဖြစ် ဆက်လက်မြင့်တက်ခဲ့ပါတယ်။ ယခုရက်သတ္တပတ်အတွင်း တောင်ကိုရီးယားဝမ်ငွေတန်ဖိုးက သုည ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၁၁၄၅ ဒသမ ၃၅ ဝမ်နှုန်း ရှိခဲ့ပါတယ်။
ထိုင်းဘတ် ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန် မှာ ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေကို အထောက်အကူပေးနိုင်ဖို့အတွက် ဘတ် ငွေကို ဒေါ်လာနဲ့ဖလှယ်ရာမှာ ဘတ် ၃၀ အထက်ထိန်းထားဖို့ ရှေ့ဆောင်စီး ပွားရေးလုပ်ငန်းရှင်တွေက အစိုးရနဲ့ အာဏာပိုင်တွေကို နှိုးဆော်ထားပါ တယ်။ လွန်ခဲ့တဲ့လေးလ ငါးလအတွင်း မှာ ဘတ်ငွေတန်ဖိုးနှုန်းမြင့်တဲ့ဒဏ်ကို ပို့ကုန်လုပ်ငန်းရှင်တွေ ခံခဲ့ရတာကို ရှင်း ရှင်းတွေ့မြင်ခဲ့ရတယ်လို့ Sian Cement Group အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ ဘတ်ငွေတန်ဖိုးက တစ်ဒေါ်လာ ကို ၃၁ ဘတ်နှုန်းအထိ ကျဆင်းပေမဲ့ ပြန်ပြီးတန်ဖိုး တက်လာနိုင်သေးတယ်လို့ ပြောပါတယ်။ ဘတ်ငွေတန်ဖိုးက ဇွန် ၂၈ ရက်မှာ ကုန်လွန်ခဲ့တဲ့ ရက်သတ္တပတ်ကထက် သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၁၇ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။