Main menu

Background

ကမ္ဘာ့ဗဟိုဘဏ်များက ငွေကြေး မူဝါဒ တင်းကျပ်ရေးအတွက် အလှမ်းဝေးနေဆဲဖြစ်

Mon, 07/01/2013 - 15:25 -- ydnar

အမေရိကန်ဗဟိုဘဏ်က ဘွန်းစာချုပ်များဝယ်ယူမှုကို လျှော့ချဖို့ ဆောင်ရွက်လာတဲ့အတွက် ရင်းနှီးမြှုပ်နှံသူများ ဦးနှောက်ခြောက်နေရတာကို သက်သာစေဖို့အတွက် နည်းလမ်းရှာဖွေသည့်အနေဖြင့် ငွေကြေးမူဝါဒ တင်း ကျပ်ပေးဖို့ ဆောင်ရွက်မှုတွေ အလှမ်းဝေးနေဆဲဖြစ်ကြောင်း အမေရိကန် ဗဟို ဘဏ်အပါအဝင် ကမ္ဘာ့ဗဟိုဘဏ်မှ အရာရှိများကပြောကြောင်း ဘလွမ်းဘတ် သတင်းမှာ ဖော်ပြထားပါတယ်။

လှည့်လည် ငွေကြေးတိုးပွားရေး နောက်ဆုံးအစီအစဉ်ကို လျှော့ချရေး အတွက် အချိန်ဇယားရေးဆွဲဖို့ အမေရိကန်ဗဟိုဘဏ်က ဇွန် ၁၉ ရက်မှာ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း စတော့ရှယ်ယာ ဈေးကွက်တွေကျဆင်းခဲ့ပါတယ်။ ထို့အတူအင်္ဂလန်ဘဏ်အုပ်ချုပ်ရေးမှူးမာဗင်ကင်းနဲ့ဥရောပဗဟို ဘဏ်အမှုဆောင် အဖွဲ့ဝင်ဘင်နွိုက်ကိုအဲဗား ကလည်း စီးပွားရေးတိုးတက်မှုကို ကာကွယ်ဖို့ အတွက် ငွေကြေးမူဝါဒကိုလျှော့ချထားဦးမယ်လို့ အမေရိကန်ဗဟိုဘဏ် ရဲ့ သံယောင်ကို လိုက်လာပါတယ်။ "အတိုးနှုန်းတွေရဲ့အဆင့်နဲ့ ငွေကြေးရရန်ပိုင်ခွင့် စာချုပ်စာတမ်းတွေ ဝယ်တဲ့အတိုင်းကို လျှော့ချပေးရတော့မှာပါ။ တစ်ချိန်ချိန်မှာတော့ ပုံမှန်အခြေ အနေကိုပြန်သွားရပါမယ်။ ဒီနေ့တော့ သွားနိုင်မှာမဟုတ်ပါဘူး" လို့ ကင်းက လန်ဒန်မြို့တွင် ဥပဒေရေးဆွဲသူအမတ်တို့အား ပြောကြားပါတယ်။ ယခုနှစ်မှာယူရိုဒေသစီးပွားရေးမှာလည်း အားနည်းနေဦးမှာဖြစ် ကြောင်း၊ ထွက်ပေါက်မဟာဗျူဟာကျင့်သုံးဖို့ ဆိုတာကလည်း အလှမ်းဝေးနေဆဲ ဖြစ်ပါ တယ်လို့လန်ဒန်မှာ ကိုအဲဗားက ပြောပါတယ်။ ယူရိုနယ်မြေရှိ စီးပွားရေး အခြေ အနေမှာ မူဝါဒပျော့ပျောင်းမှုရှိနေဆဲဖြစ်ကြောင်း ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌ မာရီယိုဒရပ်ဂီက ဘာလင်မြို့တွင် မိန့်ခွန်းပြောရာ၌ ပြောကြားခဲ့ပါတယ်။ ငွေကြေး ဈေးကွက်တည်ငြိမ်ဖို့အတွက်တရုတ်ဗဟိုဘဏ်က တချို့ဘဏ္ဍာရေး အဖွဲ့အစည်း တွေကို ငွေဖြစ်လွယ်မှုရှိအောင် ဆောင်ရွက်ဖို့ခွင့်ပြုထားပါတယ်။