Main menu

Background

ဗီယက်နမ်ရဲ့ ဇွန် ငွေကြေးဖောင်းပွနှုန်း ခုနစ်ရာနှုန်းနီးပါး မြင့်တက်

Mon, 07/01/2013 - 16:08 -- ydnar

ဇွန်လမှာ ဗီယက်နမ်ရဲ့ ငွေကြေး ဖောင်းပွနှုန်းမြင့်တက်လာတာကို ဇွန် ၂၅ ရက်က တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။ အစိုးရ က အတိုးနှုန်းတွေလျှော့ချလိုက်ပြီး နောက်ပိုင်း ရှစ်လအတွင်း ပထမဆုံး အကြိမ်မြင့်တက်ခဲ့တာဖြစ်ကြောင်း အေ အက်ဖ်ပီသတင်းမှာဖော်ပြထားပါတယ်။

ကုန်ဈေးနှုန်းတွေရဲ့မြင့်တက်မှု တွေက မေက ၆ ဒသမ ၃၆ ရာခိုင်နှုန်း ရှိပြီး ဇွန်မှာ ၆ ဒသမ ၆၉ ရာခိုင်နှုန်းရှိ ခဲ့ရာ ဝယ်လိုအားကို မြင့်တက်ဖို့ ဆောင် ရွက်နေတဲ့ ဗီယက်နမ်ရဲ့ကြိုးပမ်းမှုတွေ အောင်မြင်လာတာကို ပြသနေတယ် လို့ လေ့လာဆန်းစစ်သူတွေက ပြောပါ တယ်။ ဗီယက်နမ်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်း က ၂၀၁၂ ခုနှစ်မှာ ၅ ဒသမ ၀၃ ရာခိုင် နှုန်းရှိခဲ့ရာ ၁၃ နှစ်အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း အစိုးရက ဘဏ်တွေကငွေထုတ်ချေးတာကို မြှင့် တင်ပေးဖို့နဲ့ တစ်နှစ်အတွင်း အစိုးရက အတိုးနှုန်းတွေကို ရှစ်ကြိမ်တိုးမြင့်ပေးခဲ့ ပါတယ်။ "ဒီလထဲမှာ ငွေကြေးဖောင်းပွနှုန်း မြင့်တက်လာတာကိုကြည့်ရင် ဝယ်လို အားကိုမြှင့်တင်ပေးဖို့ဆောင်ရွက်နေတဲ့ အစိုးရရဲ့ကြိုးပမ်းမှုတွေ အောင်မြင်လာ တာကို ပြသလျက်ရှိပါတယ်" လို့ဟနွိုင်း မြို့က စီးပွားရေးပညာရှင်လေဒင်အန်း က ဇွန် ၂၅ ရက်ကပြောပါတယ်။ ဗီယက်နမ်နိုင်ငံက စီးပွားရေးဖွံ့ဖြိုး နှုန်းနှေးကွေးမှု၊ ပြည်တွင်းဝယ်လိုအား ကျဆင်းမှု၊ ပြင်ပစီးထွက်ငွေမြင့်မားမှုက ဘဏ်လုပ်ငန်းကဏ္ဍကို ဖိစီးမှုနဲ့ ဒေဝါ လီခံရသော အရေအတွက်မြင့်မားမှု စတဲ့ စီးပွားရေးအခက်အခဲတပြုံကြီးနဲ့ ရင် ဆိုင်နေရပါတယ်။